ခမ်းသားငေါဝ်း
ဧပြီ ၈၊၂၀၂၄

ရှမ်း ကယားနယ်စပ်ရှိ မိုးဗြဲမြို့အခြေစိုက်စစ်ကောင်စီခလရ ၄၂၂တပ်စခန်းနှင့် အနီးရှိယာယီစခန်းကုန်းများကို သိမ်းပိုက်နိုင်ရန် တော်လှန်ရေးအင်အားစုမှတိုက်ခိုက်နေလျက်ရှိကြောင်းသိရသည်။

ယင်းစခန်းတို့ကို သိမ်းပိုက်နိုင်ရန် ပြီးခဲ့သည့် ဧပြီလ ၃ရက်နေ့မှစတင်၍ ယနေ့ထိတိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီမှလေကြောင်းဖြင့်လည်းတိုက်ခိုက်နေကြောင်းသိရသည်။

“ခုလောလောဆယ်က စစ်ကောင်စီရဲ့စခန်းကုန်းကိုတိုက်ခိုက်နေတုန်းပါပဲစစ်ဆင်ရေးတွေလုပ်နေတုန်းပါ ဒီစစ်ကောင့စီရဲ့ ခလရ ၄၂၂ပေါ့ အကုန်လုံးမရသေးပါဘူး တိုက်နေတုန်းပါ”ဟုတော်လှန်းရေးတပ်မှရဲဘော်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

အားလုံးစုံသိမ်းပိုက်နိုင်သည့်အနေအထားမဟုတ်သေးဘဲ စစ်ဆင်ရေးပြုလုပ်ပြီး တိုက်ပွဲဖြစ်ပွားလျက်ရှိသည့်အတွက် ထိခိုက်မှုအသေးစိတ်အချက်အလက်များမထုတ်ပြန်နိုင်သေးကြောင်းဆိုသည်။

တော်လှန်ရေးအင်အားစုနှင့်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်လာသည့်အတွက်မြေ ပြင်၌ အသာစီးမရသော စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

ယင်းစစ်ကောင်စီမှလေကြောင်းဗုံးကြဲသည့်အတွက် ပြည်သူ၏ နေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများထိခိုက်ပျက်စီးရမှုလည်းရှိနေကြောင်းသိရသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *