ခမ်းသားငေါဝ်း
မတ် ၂၀၊ ၂၀၂၄

ဟိုပုံး၊ ဆီဆိုင် စစ်ရှောင်များ နေအိမ်ပြန်ရန် စစ်ကောင်စီနှင့်ပြည်သူ့စစ်များက ဖိအားပေးပြန်ခိုင်ပြီး မပြန်လျှင် အိမ်ချိတ်ပိတ်မည်ဟု ခြိမ်းခြောက်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆီဆိုင်၊ ဟိုပုံးမြို့နယ်စစ်ရှောင်များကို ဖေဖော်ဝါရီ ၂၉ ရက်ကစပြီး စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များက ဖိအားပေးပြီး နေအိမ်ပြန်ခိုင်းခဲ့ကြောင်း သိရသည်။

“အိမ်ချိတ်ပိတ်ခံရမယ် ပြောတော့ တစ်ချို့ကငါတို့အိမ်ချိတ်ပိတ်ခံရမလား စိုးရိမ်ကြပြီး တစ်ချို့ ဒေသခံ အိမ်ထောင်ဦးစီးဆို ပြန်သွားကြတယ်။”ဟု စစ်ရှောင်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ယခုအိမ်ပိတ်ခံရမည့် ကိစ္စနှင့်ပက်သက်ပြီး မြေပြင်တွင် တကယ်ချိတ်ပိတ်ခံရခြင်းမရှိသေးသော်လည်း စစ်ရှောင်များ ရှောင်ရာဒေသတွင် ယခုနည်းဖြင့်သုံးပြီး စစ်ရှောင်များကို ဖိအားပေး ပြန်ခိုင်းနေကြောင်း ၄င်းကဆက်ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းဒေသတွင် တိုက်ပွဲဖြစ်ပွားသည့် ၅၆ ရက်အတွင်း စစ်ဘေးရှောင်ရသူ တစ်သိန်းကျော်ရှိလာပြီဖြစ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ကမတ်လ ၁၈ ရက်ထုတ်ပြန်ထားသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *

You missed