ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ဒေသတွင် ယနေ့ဖေဖော်ဝါရီ ၂၈ ရက်၌ စက်သုံးဆီ ၁ လီတာ ၅ ထောင်ကျော်ပေးဝယ်နေရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ဟိုပုံးမြို့အရှေ့ဘက် လွိုင်လင်မြို့နယ် မိုင်းပွန်မြို့အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး လမ်းပိတ်နေခြင်းကြောင့် လွိုင်လင်မြို့ရှိ ပြည်သူများ ဓာတ်ဆီတစ်လီတာကို စျေးကြီး ပေးဝယ်နေရကြောင်း သိရသည်။
“တချို့ဆိုင်တွေမှာ ဆီတွေ ပြတ်လပ်နေတယ်လေ စျေးကြီးလည်းမတတ်နိုင်ဘူး စစ်ကအနီးအနားမှာပဲဖြစ်တော့ သွားလာခက်မှာဆိုးလို့ ရတဲ့နေရာကနေစျေးကြီးလည်း ဝယ်ထားလိုက်တယ် ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်း ကို ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းမှ အတွင်း ကျောက်တန်း ပင်လုံလမ်းမပိတ်ခင်ကတည်းက ဆီပန့်ဆိုင်ကြီးဖြစ်သည့် BOC,DENKO ဆီပြတ်လပ်နေပြီးခု လမ်းနှစ်ဘက်လုံးပိတ်ထားသည့်အတွက် ပိုခက်ခဲလာနိုင်ကြောင်းသိရသည်။
လွိုင်လင် မိုင်းပွန်နှင့် တောင်ကြီးသွားရာလမ်းကို တိုက်ပွဲစတင်ဖြစ်ပွားသည့်ရက်မှစပြီး ယခုချိန်ထိ ဆက်လက်ပိတ်ထားနေ ပြီး စက်သုံးဆီဈေးမြှင့်တက်နေသလို တိုက်ပွဲဖြစ်ပွားသည့်နေရာများတွင်လည်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်နေကြောင်းသိရသည်။
#ppv008