ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၅၊၂၀၂၄

ပင်လုံပြန်သည့် ကျောက်တန်းလမ်းမပေါ်၌ ၂ ရက်ဆက်တိုက် ကားမတော်တဆမှုဖြစ်ပွားခဲ့ပြီး ကားပေါ်ပါလာသူများ ထိခိုက်ဒဏ်ရာရခဲ့ကြောင်းဒေသခံများထံမှသိရသည်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၂၃ရက်နေ့၌ ကျောက်တန်းလမ်းမပေါ် ကျူးနေင်းကျေးရွာအနီးမှာဖြစ်ပွားပြီး အမျိုးသမီး ၁ဦးဒဏ်ရာရသလို ဖေဖော်ဝါရီ ၂၄ရက်နေ့တွင်လည်း ဆာဟောင်းကျေးရွာအနီး၌ဖြစ်ပွားပြီး ခေါင်းထိဒဏ်ရာပြင်းထန် ၂ ဦးနှင့် အခြားပါလာသူဒဏ်ရာရခဲ့ကြသည်။

“ဒီလမ်းပိုင်းကအတက်အဆင်းကြီးတော့ ဘရိတ်ကလစ် လစ်သွားပြီးပူတာ မနေ့ကဖြစ်တာလည်း ချောင်းထဲ ချောက်ထဲကျသွားတာမျိုးမဟုတ်ပဲ ဘရိတ်ကနေဖြစ်သွားတယ်။ ဒဏ်ရာရတဲ့သူတွေ အရင်တစ်ရက်က ကားသမားရဲ့ မိန်းမ၊ မနေ့က အန်စာတုံးကား နှစ်ဦးကခေါင်းထိနည်းနည်းပူရအခြေနေပေါ့။ ကျန်ဒဏ်ရာနည်းနည်းရသူကများတယ်။ ခုဆေးရုံမှာရောက်ကြပြီ”ဟုဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ဒေသခံအမျိုးသားတစ်ဦးကလည်း”ရွာအနီးနားဖြစ်တော့ ပင်လုံက ပရဟိတကို အကူညီတောင်းပေးပါသေးတယ်။ သူတို့ကလည်း လူအပြောင်းလည်းရှိတယ်။ အရင်က ပရဟိတတွေဆို ခေါ်ရင်ချက်ခြင်းလာတယ်။ ခုကခေတ်မကောင်းလို့ မလာတာလားတော့မသိဘူး။”ဟုပြောသည်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့နှင့် ဖေဖော်ဝါရီ ၂၄ရက်တို့၌ ဒဏ်ရာပြင်းထန်သော လူနာကို တောင်ကြီးသို့လွဲပြောင်းသည်မှာ လိုက်ပို့သူမရှိ အခက်ခဲရှိနေကြောင်းသိရသည်။

လက်ရှိတွင် တိုက်ပွဲအခြေအနေ စစ်ရေးအခြေ အနေကြောင့် မိုင်းပွန်လမ်းဘက်၌ ပိတ်ထားနေပြီး သွားလာသည့်ပြည်သူများမှာ ကျောက်တန်းလမ်းဘက်ကိုသာ သွားလာများနေလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကျောက်တန်းလမ်းဘက်၌ လမ်းမကြီးနေရာအတော်များများသည် လမ်းပျက်စီးခြင်းဖြစ်နေသည့်အတွက် သွားလာသူအနေဖြင့် ဖြေးဖြေးသွားလာကြရန်နှင့် တစ်စုံတစ်ခု မတော်တဆဖြစ်ပွားလျှင် အနီးနားရွာသားများမှာ ကူညီပေးနိုင်ရန်အခက်ခဲရှိကြောင်းဒေသခံများကပြောသည်။

ယင်းကျောက်တန်းလမ်းသည် အတက်အဆင်းကြီးသည့်အတွက် သွားလာသော ကားများ ဝိတ်အလွန်အကျွံမတင်လာဘဲ လျော့ချတင်ကြရန်နှင့် ဘရိတ်အားကိုးပြီး မမောင်းရန် ဂီယာကြီးဖြင့်မောင်းနင်းကြရန် အသိပေးချင်ကြောင်းဒေသခံက ပြောဆိုကြသည်။

#PPV004
#ယာဥ်မတော်တဆ
#ကျောက်တန်းလမ်း
#ပင်လုံ

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed