.ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၀၊၂၀၂၄

ဆီဆိုင်မြို့ အနောက်ဘက်ခြမ်းတောထဲရှိ ထီပရားတကြောတွင် ပိတ်မိနေသူစစ်ဘေးရှောင် မိသားစု ၁၀ ဦးထဲက ၅ ဦးဒါက်ရာရရှိပြီး ၂ ဦးသည်ဒါဏ်ရာပြင်းထန်စွာရရှိထားကြောင်း သိရသည်။

ပိတ်မိသူသည် ဘာကြောင့် ဒါဏ်ရာရသည်ကိုခမ်းသားငေါဝ်းအနေဖြင့် အတည်မပြုနိုင်သေးပါ။

“ဆီဆိုင်မြို့ အနောက်ဘက် တောထဲမှာပိတ်မိတာပါ ဒဏ်ရာလည်းရထားတယ်ဆိုလို့ ပိတ်မိတာအ ကြောင်းကြားလာတာနဲ့ ကျွန်တော်တို့က ကူညီပေးတဲ့သူတွေနဲ့ချိတ်ပေးထားပါတယ် အခုလောလောဆယ်တော့ တိတိကျကျမသိရသေးဘူး။”ဟု ၎င်းကပြောသည်။

ပိတ်မိသူများသည် ဆီဆိုင်မြို့ သီရိရပ်ကွက်နယ်မြေ ၃ တွင်နေထိုင်ကြသူများဖြစ်ပြီး မိသားစုအတွင်း ကလေးငယ်များလည်းပါနေကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ဆီဆိုင်ဘက်ကိုဦးတည်ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် လှန်းပစ်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲချခြင်းရှိနေကြောင်း ဒေသခံပြောပြချက်အရ သိရသည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက်အချိန်တွင်လည်း ပစ္စည်းပြန်သယ်သည့် ဒေသခံ၏ ယာဉ်တန်းကို စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ပြီး အရပ်သား ၇ ဦးထိခိုက်သေဆုံးရသလို ဒဏ်ရာရဒေသခံများလည်းရှိခဲ့ကြောင်း သိရသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *

You missed