ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၄၊၂၀၂၄
ဆီဆိုင်မြို့တွင် လက်ရှိ၌ စစ်ရေးပဋိပက္ခဖြစ်ပွားနိုင်​ပြီး အရပ်သားပြည်သူများအနေဖြင့် ဟိုပုံးမြို့ ဗန်းကွန်ဘုန်းတော်ကြီးကျောင်းတွင် ဦးရေအကန့်သတ်ဖြင့်လက်ခံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဟိုပုံးမြို့ ဗန်းကွန်ဘုန်းကြီးကျောင်းအပြင် တောင်ကြီးမြို့နယ် နမ်းဆီးအုပ်စု ဘုရားငါးဆူဘုန်းတော်ကြီးကျောင်းနှင့် ကံ့ကော်ဘုန်းတော်ကြီးကျောင်းတို့တွင်လည်း လက်ခံသွားမည်ဖြစ်ကြောင်းအသိပေးထားသည်။
“ဆီဆိုင် ဘုရားဖြူကတဲ့ အယောက် ၃၀ပေါ့၊ လက်ခံထားတယ်။ နောက်ပြီးတော့ ဌာနဆိုင်ရာမှာလား အယောက် (၁၀၀) လည်း ဆရာတော်က လက်ခံထားပြီ။ အခုတော့မရောက်လာသေးဘူး။ ဒီနေ့ ၊ မနက်ဖြန်ရောက်လာမယ်လို့တော့ပြောထားတယ်။”ဟု ဗန်းကွန်ကျောင်း၌ သီတင်းသုံးနေသော ဥုးဇင်း ဥုးတေဇာနန္ဒက ခမ်းသားငေါဝ်းကိုမိန့်သည်။
ခိုလုံလိုသော အရပ်သားပြည်သူများသည် ဆက်သွယ်ထားရုံသာရှိပြီး ရောက်လာခြင်းမရှိသေးသည့်အတွက် ယင်းတို့၏ လိုအပ်ချက်များကို မသိရှိရသေးကြောင်း ၎င်းဥုးဇင်းက ဆက်မိန့်ကြားသည်။
အခြေနေအရနမ်းဆီးကျေးရွာအုပ်စု ဘုရားငါးဆူဘုန်းကြီးကျောင်း၌ အယောက် ၅၀၊ ကံ့ကော်ဘုန်းကြီးကျောင်း၌ အယောက် ၃၀ နှင့် ဟိုပုံး​မြို့ ဗန်းကွန်ဘုန်းကြီးကျောင်း၌ အယောက် ၃၀ ဝန်းကျင်လက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းလာရောက်ခိုလုံလိုသော အရပ်သားပြည်သူများသည် မှတ်ပုံတင်ပါယူလာကြပါရန်လည်း ဆိုထားသည်။
လက်ရှိတွင် ဆီဆိုင်၌ စစ်ကောင်စီ၊PNO ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် PNLO/PNLA နှင့်တော်လှန်ရေးအင်အားစုတို့ကြား စစ်ရေးတင်းမာနေသလို စစ်ကောင်စီက လေယာဥ် ဖြင့်မြို့ပေါ်၌ ပျံသန်းနေကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed