ခမ်းသားငေါဝ်း၊ မတ် ၈၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကြက်သွန်ဖြူ စတင်ထွက်ပေါ်ချိန်မှာ တစ်ပိဿာ ၄၀၀၀ကျပ်ထိ စျေးရရှိနေကြောင်းမတ်လ ၈ရက်နေ့တွင် သိရသည်၊၊
စျေးကောင်းရနေသော်လည်း ယခုနှစ်မှာ ကြက်သွန်ဖြူအထွက်နှုန်းနည်းပြီး စိုက်ပျိုးသူလည်းနည်းပါးလာကြောင်း ညောင်ရွှေမြို့နယ် ကြက်သွန်ဖြူစိုက်ပျိုးတောင်သူမနန်းဗွာက ပြောသည်၊၊
” ကြက်သွန်စျေးက အကြီးဆို တပိဿာ ၄၀၀၀ရှိတယ် ဒါပေမယ့် ဒီနှစ်က စိုက်တဲ့သူနည်းတယ် တစ်ချို့ကရောင်းတဲ့သူရှိတယ် တချို့လည်းမရောင်းကြသေးဘူး ဒီနှစ်က အရင်နှစ်တွေထက်လည်းအထွက်နှုန်းနည်းတယ် ကျွန်မတို့လည်း ကြက်သွန်ဖြူကို ခုမှစနုတ်တယ် ရောင်းတဲ့ချိန်စျေးကောင်းမိဖို့ပဲ မျှော်လင့်တယ်”ဟု၎င်းကဆက်ပြောသည်၊၊
လက်ရှိတွင် ကြက်သွန်ဖြူ အဥကြီး တပိဿလျှင် ၄၀၀၀ကျပ်နှင့် အသေးတပိဿာလျှင် ၂၇၀၀ကျပ် ပေါက်စျေးရှိကြောင်း သိရသည်။
အင်းလေးဒေသရှိ ကြက်သွန်ဖြူ စိုက်ပျိုးသူ ဒေါ်ထွေးကလည်း ” မနှစ်ကလောက်တော့ ဥမကြီးဘူး သေးတယ် ခုမှယူတာမကြာသေးဘူးဆိုတော့ ဘယ်လောက်ထွက်မယ်ဆိုတာ မခန့်မှန်းနိုင်သေးဘူး “ဟု ခမ်းသားငေါဝ်းကို ပြောသည်၊၊
ကြက်သွန်ဖြူများသည် ညောင်ရွှေမြို့နယ် ကုန်းခန့်ကျေးရွာ၊ လင်လန်၊ မှော်ဘီ၊ နမ့်ဟူး၊ လွယ်လုံ၊ ဝမ့်ပုံးနှင့် အခြားသောကျေးရွာများတွင်စိုက်ပျိုးကြပြီး ကလော ၊အောင်ပန်းပွဲရုံများသို့ တင်သွင်းရောင်းချကြောင်းသိရသည်၊၊

Leave a Reply

Your email address will not be published. Required fields are marked *

You missed