ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၇၊၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်း လာရောက်တိမ်းရှောင်နေသည့်စစ်ရှောင်များအလုပ်အကိုင် ရှားပါးပြီး လုပ်အားခနှိမ်ခံရနေရကြောင်း စစ်ရှောင်တစ်ဦးက ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့တွင် ပြောသည်။
အလှူရှင်နည်းပါးသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲရှိနေပြီး စစ်ရှောင်အများစုအလုပ်အကိုင် လိုအပ်သော်လည်း စစ်ရှောင်များကို အလုပ်ခေါ်သူ နည်းပြီး အလုပ်ခွင်များတွင် လုပ်အားခနှိမ်ပေခြင်း နှင့် ခွဲခြားဆက်ဆံခြင်း ကြုံတွေ့နေရသည်ဟု ဆိသည်။
“ကရင်နီဘက်က စစ်ရှောင်လာတော့ ခပ်ခွာခွာနေချင်ကြပြီး အလုပ်သိပ်မပေးချင်ကြဘူး၊ လုပ်အားခလည်း လျှော့ပြီး ရွာခံတွေကို ပုံမှန် ၁၅၀၀၀ ပေးရင် ကျတော်တို့ကို ၈၀၀၀ ပဲပေးတယ်၊ အလုပ်ခေါ်လို့ ဖုန်းဆက်တာ ရောက်သွားပြီးမှ စစ်ရှောင်ဖြစ်နေလို့ မခေါ်တော့ဘူး ပြောပြီး ဆီဖိုးနဲ့ ဖုန်းဘေလ် အကုန်ခံပြီး ပြန်လာရတာလည်း ရှိတယ်” ဟု စစ်ရှောင်အမျိူးသားတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
စစ်ရှောင်အမျိုးသမီးတစ်ဦးကလည်း “အများစုက ပန်းရံ၊ လက်သမား နေ့စားအလုပ်တွေ လုပ်ကြတယ်၊ နေစားငြိမ်း အလုပ်တွေ လာခေါ်လို့ လိုက်လုပ်တော့ မနက် ၆ ကနေ ည ၈ နာရီအထိ အလုပ်နဲ့ မဆိုင်တာတွေလည်း အကုန်လုပ်ပေးရတယ်၊ လစာဆို တစ်သိန်း နှစ်သောင်းပဲ ပေးတာ” ဟု ပြောသည်။
ပုံမှန်အလုပ်အကိုင် မရှိသည့်အပြင် လုပ်အားခ နည်းပါးမှူကြောင့် စစ်ရှောင်များ ရေရှည်ရပ်တည်နိုင်ရန် ခက်ခဲပြီး စားဝတ်နေရေးအတွက် ကြုံရာအလုပ်များ ဝင်ရောက် လုပ်ကိုင်နေကြကြောင်း သူက ဆက်ပြောသည်။
၁၁.၁၁ စစ်ဆင်ရေး ကာလအတွင်း ကရင်နီပြည်မှ စစ်ရှောင်ရသူ ပိုမိုများပြားလာပြီး နေရာထိုင်ခင်းနှင့် အစားအသောက်များ လုံလောက်မှုမရှိသလို ဝင်ငွေလည်းမရှိသဖြင့် ရှိရင်းဒေသခံများ၏ နေ့စား အလုပ်သမားခေါ်ယူမှုကိုသာ တဖက်တလမ်းအဖြစ်အားကို နေရကြောင်း ဆိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed