ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၃၊၂၀၂၄
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်ဘက်တွင် ရောက်ရှိလာသည့် ဖယ်ခုံစစ် ရှောင်များအတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ရှောင်များသည် ယခုလဇန်နဝါရီ ၈၊ ၉၊၁၀ ရက်အတွင်းရောက်လာကြပြီး နေထိုင်ဖို့အတွက် မိုးကား၊စောင်၊အနွေးထည်နှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း သိရသည်။
“သူတို့ ဖြစ်သလို နေနေရတယ်။အပင်အောက် နေရတာ။ အမိုး၊အကာမရှိတဲ့ အိမ်မှာ နေရတာ။ပြီးရင် ပင်လောင်းဖက်က အရမ်းအေးတော့ သူတို့ စောင် တွေ အနွေးထည်တွေ မပါလာကြဘူးအဲတာလည်းလိုအပ်တယ်။ ခုစား သောက်ဖို့ ကျတော့ သူတို့ ပါလာတဲ့ ဆန်တွေနဲ့ ချွေတာစား နေတယ်။”ဟု စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။
အသစ်ရောက်လာသည့် စစ်ရှောင်များသည်လှုဦး ရေ ၁၀၀၀ ကျော်ရှိပြီး အများစုတွင် ပင်လောင်းမြို့ တောင်ဖက် ကျေးရွာများသို့ ရှောင်လာကြ ကြောင်းသိရသည်။
ပင်လောင်းမြို့ တောင်ဖက်တွင် စစ်ရှောင် နှစ်သောင်းနီးပါးရှိပြီး အလှူရှင် လာရောက်ကူညီရန် အခက်ခဲများရှိခြင်းကြောင့် စစ်ရှောင်များသည် ထမင်းတစ်နပ်လျှော့စားရခြင်း၊ပြည့်ဝစွာမစားရခြင်း၊ဆန်ပြုတ် သောက်ရသည့် အခြေအနေများကြုံတွေ့နေရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed