ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၉၊၂၀၂၃
ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ လယ်ကြီးတပ်စခန်းနှင့် မန်တုံမြို့နယ်ရှိ စစ်ကောင်စီခိုမုန်း(မန်နား) တပ်စခန်းကို ဒီဇင်ဘာ(၇)ရက်နေ့တွင် ထပ်မံသိမ်းပိုက်ရရှိကြောင်း TNLA ကဒီဇင်ဘာလ(၈)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
တအာင်းစစ်ဒေသ ကျောက်မဲမြို့နယ် စစ်ကောင်စီ၏ လယ်ကြီးတပ်စခန်းကို တအာင်းတပ်မတော် TNLA နှင့် မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာလ(၇)ရက်နေ့ နေ့လယ် (၁၁း၃၅)နာရီအချိန်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည် ဟု သိရသည်။
သိမ်းပိုက်ရရှိသည့်စခန်းအတွင်းမှ စစ်သုံ့ပန်း(၂)ဦး၊ ရဲ(၃)ဦး၊60/80MM လက်နက်ကြီးအပါအဝင် စစ်ကောင်စီ၏လက်နက် (၁၀)လက်နှင့် စစ်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း ဆိုထားပါသည်။
အလားတူ မန်တုံမြို့နယ်ရှိ စစ်ကောင်စီ ခိုမုန်း(မန်နား)တပ်စခန်းကိုလည်း တအာင်းတပ်မတော် TNLA က ဒီဇင်ဘာလ(၇)ရက်နေ့ ညနေ(၄း၃၀)နာရီအချိန်တွင် ဝင်ရောက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့သည် ဟု သိရသည်။
အဆိုပါ စစ်ကောင်စီတပ်စခန်းအတွင်းမှ 60MM လက်နက်ကြီးအပါအဝင်၊ ပစ္စတို(၁)လက်၊ လက်နက် (၅)လက်၊ ခဲယမ်းများနှင့် စစ်အသုံး အဆောင်ပစ္စည်းများသိမ်းဆည်းရမိကြောင်း ဆိုထားပါသည်။
ညီနောင်မဟာမိတ်(၃)ဖွဲ့၏ “၁၀၂၇စစ်ဆင်ရေး” စသည့်ရက်မှ ဒီဇင်ဘာလ(၈)ရက်နေ့အထိ တအာင်းဒေသအတွင်း တအာင်းတပ်မတော် TNLA မှ စစ်ကောင်စီတပ်စခန်း (၅၃)ခုကို သိမ်းပိုက်နိုင်ခဲ့ ကြောင်း TNLA က ထုတ်ပြန်ထားပါသည်။
ဓါတ်ပုံ- TNLA

Leave a Reply

Your email address will not be published. Required fields are marked *

You missed