ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၅၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ရေရှားပါးလာသောကြောင့် ဒေသခံများ နှင့် စစ် ဘေးရှောင်များ အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
ယခုအခါ မိုးရာသီအကုန် ဆောင်းရာရာသီအရောက် ကာလတွင်ပင် ရေးရှားပါးခြင်း ပျဿနာကို ကြုံတွေ့လာရပြီး ‌ယခုကာလတွင် ရှိရင်းဒေသခံများအပြင် လာရောက်ခိုလှုံသည့်စစ်ဘေးရှောင်များလည်း ရှိနေသောကြောင့် မူလသိုလှောင်ရေထက် ပိုလိုအပ်လာ ရကြောင်း ဆိုသည်။
” ခုက ဆောင်းဝင်စဆိုပေမယ့် ရေက စခက်ခဲလာပြီ။ ရွာတိုင်းလိုလို စစ်ရှောင်လည်း များတေ့ာ ကိုယ့်ရေကို ကိုယ်ချွေတာကြတယ်။ သောက်ဖို့ တောင်အနိုင်နိုင်ကြိုးစားရတယ်။ အဝတ်လျှော်ဖို့နဲ့ ရေချိုးဖို့ကျတော့ အရမ်းခက်ခဲတယ်။” ဟု ပင်ခွန်စစ်ရှောင်စခန်းရောက် စစ်ရှောင်တစ်ဦးက ပြောသည်။
ပင်လောင်းဒေသရှိ‌ ကျေးရွာအများစုသည် ထွက်ရေထက် မိုးရေကို ရေတွင်းခံပြီး သိုလှောင်ထားကြကာ နှစ်စဉ်အသုံးပြုပြီး ရေရှားပါးမှုပျဿနာကို ဖြေရှင်းဖြတ်သန်းလာကြကြောင်းသိရသည်။
ဒေသခံတစ်ဦးကလည်း “ဒီနှစ်က မိုးရုတ်တရက်များတယ်။ ရေလည်း ကြီးတယ်ဆိုပမယ့်မိုးနည်းတော့‌‌လည်း လုံးဝ မရွာတော့ဘူး။ ချက်ချင် ရေကခန်းတယ် ရာသီဉတုက မမျှဘူး။ အဲတာကြောင့် ကျွဲတွေ နွားတွေအတွက်လည်းစိတ်ပူရတယ်။ လူကျတော့ ချွေတာသုံးရတာပေါ့”ဟု ပြောသည်။
ပင်လောင်းမြို့နယ်သည် ရင်းမှီး၊ စင်းတောင်း၊ ဝါးလီး၊ ပင်ခွန်၊ တောင်လေး၊ ဆောင်းပြောင်း၊ လဲင်းတနျား၊ တခါယဉ် ကျေးရွာများတွင်နှစ်စဉ်ရေရှားပါး ခြင်း ကြုံတွေ့ နေရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed