ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၃၊၂၀၂၃
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရက်အတွင်း ဒေသခံပြည်များ သွားရောက်လည်ပတ်မှုနည်းပါးကြောင်း တောင်ကြီး‌ဒေသခံတစ်ဦးက ယနေ့နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပြောဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ရိုးရာပွဲတော်ဖြစ်သည့် တန်ဆောင်တိုင်ပွဲကို ကိုဗစ်ကာလမှစပြီး မကျင်းပဖြစ်သည်မှာ ၃ နှစ်ရှိပြီးနောက် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီမှ ဦးဆောင်ကျင်းပသော်လည်း ပွဲတော်အား ဒေသခံပြည်သူများ ပါဝင်မှုအလွန်နည်းပါးကြောင်း ဒေသခံတစ်ဦးမှ သိရသည်။
“ ကျွန်တော်အနေနဲ့ ပွဲမသွားဘူး။ စစ်ကောင်စီလုပ်ဆောင်နေတဲ့ ယန္တရားထဲမှာ ဒေသခံတစ်ယောက်အနေနဲ့ အားဖြည့်ပေးတာမျိုး မဖြစ်
ချင်လို့“ ဟု လုံခြုံရေးအရ နာမည်မဖော်လိုသည့်ဒေသခံတစ်ဦးက ပြောသည်။
ပွဲတော်အတွင်း ပါဝင်ယှဉ်ပြိုင်ထားသော မီးပုံးပျံများသည်လည်း တာဝန်အရ ပါဝင်ထားကြကြောင်း သိရသည်။
ပွဲတော်တွင်ပါဝင်သူတစ်ဦးကလည်း “ခေတ်ကောင်းတုန်းက ကျင်းပခဲ့တဲ့ပွဲတော်ပုံစံ နဲ့ အခု စစ်ကောင်စီကျင်းပတဲ့ပွဲပုံစံတွေ ယှဉ်ကြည့်လိုက်ရင်မြင်သာပါတယ် ဘယ်သူမှ ပါဝင်ချင်တာမဟုတ်ဘူး မဖြစ်သာလို့ ပါဝင်နေရတာကို တွေ့ရတယ်”ဟု ပြောသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက်နေ့က စတင်ကျင်းပခဲ့ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ‌တန်ဆောင်တိုင်ပွဲတော်အတွင်း တောင်ကြီးမြို့ဟိုတယ်များတွင် လာရောက်တည်းခိုသည့် မည်သူမဆို ဧည့်စာရင်းနှင့်အတူ ဓာတ်ပုံ၊ တစ်ကိုယ်လုံးပုံများရိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့များထံ ပေးပို့ရကြောင်း ပွဲတော်လာသူတစ်ဦး‌ ပြောပြချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed