ခမ်းသားငေါဝ်း
နိုဝင်ဘာ ၇၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းဒေသရှိ ဂျင်းစိုက်ပျိုးတောင်သူများသည် ဂျင်းဈေးကောင်းသဖြင့် ဂျင်းစိုက်ခင်းများကို ခြံခင်းပြတ်ရောင်းကြရကြောင်း ဂျင်းစိုက်ပျိုးတောင်သူတစ်ဦး ပြောပြချက်အရ သိရသည်။
ယခုလက်ရှိဈေးကွက်အတွင်း ဂျင်းပေါက်ဈေးသည် ဂျင်းဥမအခက်ကြီး ၁ ပိဿာကို ( ၁၀၀၀၀)ကျပ်အထိရှိနေပြီး ဥမအခက်အလတ် ၁ ပိဿာကို ( ၄၅၀၀/၅၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။
“အရင်နှစ်တွေထက်စာရင် ဒီနှစ်‌ဂျင်းဈေးရှိတယ်။အရင်နှစ်က ဒီခြံဆိုသိန်း ၄၀ လောက်ဘဲရတယ်။ ဒီနှစ်တော့သိန်း ၁၂၀ ရတယ်။ တူးခတွေ ကားခတွေမကုန်ရ‌တော့ဘူး။ ပွဲစားတွေကခြံခင်းပြတ်ဝယ်တာ။ “ဟု ဂျင်းစိုက်ပျိုးသူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ယခင်က ဂျင်းတစ်ပိဿာကို ၄၅၀ ကျပ်မှ ၈၀၀ ကျပ် ခန့်ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်၊ နှစ်ဦးပိုင်းမှစကာ တစ်ပိဿာ ၁၈၀၀ ကျပ်မှ ၅၀၀၀ ကျပ် ဝန်းကျင်ရှိခဲ့ပြီး ယခုလက်ရှိတွင် တစ်ပိဿာ ၁၀၀၀၀ ကျပ်အထိ ဈေးရနေကြောင်း သိရသည်။
ဂျင်းကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးလုပ်ကိုင်ကြပြီး၊ ချင်းပြည်နယ် ဒုတိယအများဆုံးနှင့်မန္တလေးတိုင်းတွင် တတိယအများ‌ဆုံးစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
ပြည်တွင်းဂျင်းများကို ပြည်ပပို့ကုန်အဖြစ်ဘင်္ဂလားဒေ့ခ်ျနိုင်ငံသို့ အများဆုံးပို့ဆောင်ပြီး အခြားနိုင်ငံများကို အနည်းငယ်သာ တင်ပို့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed