ခမ်းသားငေါဝ်း

သြဂုတ် ၁၈၊ ၂၀၂၅

https://www.facebook.com/share/p/16wvdj7rAH/

ဆီဆိုင်မြို့နယ် နောင်ထောဝ်ကယန်းပိုင်းနှင်နောင်ဗိုကျေးရွာရှိနေအိမ်များကို စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်က မီးရှို့ခဲ့သည့် ဗီဒီယို ဖိုင်နှင့်အတူ PNLA က ယနေ့ ဩဂုတ်လ (၁၈)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ နောင်ထောဝ်ကယန်းပိုင်းကျေးရွာနှင့် နောင်ဗိုကျေးရွာကို ဩဂုတ်လ (၉)ရက်နေ့မှ မနေ့ဩဂုတ် (၁၇)ရက်နေ့အထိ ကျေးရွာများကို စစ်တပ် နှင့် PNOပြည်သူ့စစ်က မီးရှို့ပြီးနောက် မီးလောင်နေသည့် သက်သေဗွီဒီဖိုင်ကို PNLA ကင်းထောက်တပ်ဖွဲ့က ဒရုန်းဖြင့်သက်သေရယူနိုင်ခဲ့ ကြောင်းဖော်ပြထားသည်။

“နောင်ဗို ကျေးရွာကို ခရိုနီ နေဝင်းထွန်းဦးဆောင်တဲ့ PNO ပြည်သူစစ်က မီးရှို့တာ ကတော့ ၉ ရက်နေ့ကနေစပြီးတော့မှ မနေ့အထိရှို့နေဆဲပဲ ဖြစ်တယ်ပေါ့နော် သူတို့က တစ်အိမ်ပြီးတစ်အိမ် မီးရှို့နေတာ ဖြစ်တယ် အဲ့မှတ်တမ်း ဗီဒီယိုကတော့ ဒရုန်းနဲ့ရိုက်ကူးနိုင်ခဲ့တာသုံးရက်ရှိပြီး”ဟု PNLA ပြောခွင့်ရ ခွန်ရိန်းယံက ပြောသည်။

၎င်း နောင်ထောဝ်ကယန်းပိုင်း ကျေးရွာရှိ နေအိမ် ၁၀၀ ဝန်းကျင်နှင့် နောင်ဗို ကျေးရှိ နေအိမ် ၂၀ ထက်မနည်း မီးရှို့ ပျက်စီးခံရ ကြောင်းသိရသည်။

“ဒါဟာ တော်တော်ကြီးကိုအောက်တန်းကျယုတ်မာတဲ့လုပ်ရပ်လို့ပြောရမှာပေါ့၊ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ကျေးရွာလူထုပြည်သူတွေကို ရန်သူလို့သတ်မှတ်ပြီးတော့တိုက်ခိုက်ပျက်စီးနေတဲ့ အာဏာရှင်ရဲ့လုပ်ရပ်ဖြစ်တယ်ပေါ့နော် ၊အဲ့ဒီရွာတွေကို မိီးရှို့တဲ့ထဲမှ ခရိုနီ နေဝင်းထွန်းဦးဆောင်တဲ့ စစ်မကော်မရှင်လက်အောက်ခံ PNO ပြည်သူစစ်တွေပါတယ်”ဟု ၎င်းကဆက်ပြောသည်။

ထို့ပြင် နောင်ထောဝ်ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်တပ်နှင့် PNO ပြည်သူ့စစ်များသည် သြဂုတ်လ ၉ ရက်နေ့တွင် နောင်ထောဝ်ကျေးရွာကြီးရှိ ကယန်းပိုင်းရပ်ကွက် နှင့် နောင်ထောဝ် ကုလားလမ်းကျေးရွာကို မီးရှို့ခဲ့သဖြင့် နေမီအိမ်များမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းကျေးရွာများတွင် ပအိုဝ်းလူမျိုးများသာမက ကယား၊ ကရင်နီ လူမျိုးများပါ နေထိုင်ကြပြီး လက်ရှိတွင် အဆိုးဆုံး မီးရှို့ခံခဲ့ရ ကြောင်းသိရပါသည်။

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့နယ်
#နောင်ထော်
#နောင်ဗိုကျေးရွာ
#ခရိုနီနေဝင်းထွန်း
#ကျေးရွာရှိနေအိမ်များ
#မီးရှို့
#PNLA
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home

You missed