ခမ်းသားငေါဝ်း
သြဂုတ် ၁၈၊ ၂၀၂၅
https://www.facebook.com/share/p/18sDMsd34A/
သီပေါမြို့နယ်ကို ယနေ့၌ ပေါင် ၅၀၀ ဗုံးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အမျိုးသမီး(၂)ဦးနှင့် အမျိုးသား(၁)ဦး ပြင်းထန်ဒဏ်ရာရရှိ ခဲ့ကြောင်း ကူညီကယ်ဆယ် တစ်ဦးမှထံမှသိရပါသည်။
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ကို ယနေ့ မနက်ပိုင်း ၉ နာရီအချိန်ခန့်တွင် အနောက်ရပ်ကွက် ရွှေဧည့်သည် ဟိုတယ်တွင် တစ်လုံးနှင့် နန်းဒေဝီ လက်ဖက်ရည်ဆိုင်အနောက်ဘက်တစ်လုံး လေကြောင်းတိုက်ခိုက်ခံရ ကြောင်းသိရသည်။
“အသေပျောက်မရှိဘူး၊ ထိခိုက်မှုပဲရှိတယ်၊ အမျိုးသမီးတစ်ယောက် ကတော့ ခြေထောက် တော်တော်ဆိုးမယ်၊ ဆေးရုံးချက်ချင်းပဲပို့ထားတယ်”ဟု ကယ်ဆယ်ရေးသမားတစ်ဦး ထံမှသိရပါသည်။
ထို့ပြင် နောက်ထပ်အမျိုးသမီး(၁)ဦးသည် လက်အပြင်းထန်ဒဏ်ရာရပြီး အမျိုးသား(၁)ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်းသိရသည်။
ထို့ပြင် မနေ့ (၁၇)ရက်နေ့ မိုးကုတ်မြို့ကိုလည်း စစ်တပ်မှ မနက် ၉ နာရီ အချိန်ခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချ မှုကြောင့် ဒေသခံ (၄)ဦးသေဆုံးပြီး (၁)ဦးပျောက်ဆုံး ခဲ့ကြောင်းသိရသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#သီပေါမြို့
#အနောက်ရပ်ကွက်
#ရွှေဧည့်သည်ဟိုတယ်
#နန်းဒေဝီလက်ဖက်ရည်ဆိုင်
#လေကြောင်းတိုက်ခိုက်ခံရ
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်