ခမ်းသားငေါဝ်း
သြဂုတ် ၁၇၊ ၂၀၂၅
https://www.facebook.com/share/p/1V597AHEQr/
မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးထပ်မံကြဲချ မှုကြောင့် ဒေသခံ (၄)ဦးသေဆုံးပြီး (၁)ဦးပျောက်ဆုံး နေကြောင်းသိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးကုတ်မြို့ကို ယနေ့ ဩဂုတ်လ (၁၇)ရက်နေ့တွင်စစပ်တပ်မှ ဂျက်ဖိုက်တာ လေယာဉ်ဖြင့် မိုးကုတ်မြို့အရှေ့ပိုင်းဆေးရုံကြီးအနောက်ဘက် ရဲစခန်းတွင် (၁)လုံး၊ စစ်တန်းနားပတ္တမြားငမောက်အရှေ့ဘက်လမ်းပေါ်တွင် (၁)လုံး ကြဲချခဲ့ကြောင်းသိရသည်။
“လေးယောက်လောက်ပြောတယ် တစ်ယောက်ကပျောက်နေတယ်၊အဲ့နားကနေအိမ်တွေအများကြီးမရှိဘူး ရုံးတွေထိတာ၊တစ်လုံးကဆေးရုံကြီးအနောက် ရဲစခန်း၊ နောက်တစ်လုံးက စစ်တန်းနားကပတ္တမြားငမောက်အရှေ့လမ်းပေါ်”ဟု ဒေသခံတစ်ဦးမှ ပြောသည်။
အလားတူပြီးခဲ့သည့် ဩဂုတ်လ(၁၄)ရက်နေ့တွင်လည်း မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ(၂၁)ဦးသေဆုံးခဲ့ပြီး (၇)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ရှမ်းပြည်နယ်မြောက်ပိုင်း
#မိုးကုတ်မြို့
#ဂျက်ဖိုက်တာလေယာဉ်ဖြင့်ဗုံးကြဲ
#မိုးကုတ်မြို့အရှေ့ပိုင်းဆေးရုံကြီး
#စစ်တန်းနားပတ္တမြားငမောက်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်