ခမ်းသားငေါဝ်း
သြဂုတ် ၁၆၊ ၂၀၂၅

https://www.facebook.com/share/p/1BG7FPLKDr/

မိုင်းရှူးမြို့တွင် ရွှေ ၆၀ သားနှင့် ငွေကျပ်သိန်း ၂၀၀ ကျော်ဓါးမြတိုက်ခံရသည့်ရွှေဆိုင် ယခုချိန်ထိ အမှုမှန်နှင့် တရားခံ ဖမ်းမိခြင်းမရှိသေးကြောင်း မြို့ခံ ထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့ရှိ ရွှေဆိုင်တစ်ဆိုင်သည်ပြီးခဲ့သည့်ဩဂုတ်လ ၁၂ ရက် ညနေပိုင်း ၄ နာရီခွဲ ဝန်းကျင်က ဓါးမြတိုက်ခံရကာ ရွှေ ၆၀ နှင့် ငွေသား သိန်း ၂၀၀ကျော် ပါသွားခြင်း ဖြစ်ကြောင်း မိုင်းရှူး ဒေသခံ က ဆိုသည်။

“ရွှေဆိုင်ကို ဓါးမြတိုက်သွားတာ ခုထိ ဖမ်းလို့ မမိသေးဘူး။ ဆိုင်ပိတ်ချိန်လောက်မှာ ဆိုင်သိမ်းဖို့ ပြင်ဆင်နေချိန် ရောက်လာပြီးတော့ လုပ်သွားတာ ”ဟု မိုင်းရှူးမြို့ခံက ဆိုသည်။

ဩဂုတ်လ ၁၂ ရက် ညနေပိုင်း ၄ နာရီခွဲ ဝန်းကျင် မိုင်းရှူးမြို့ ၊ ရပ်ကွက် ၃ မြို့မစျေး အရှေ့ဘက် ရှိ မောင်ဟိန်း ရွှေဆိုင် ကို အမည်မသိ လက်နက်ကိုင် အမျိုးသား နှစ်ဦးက သေနတ်ဖြင့် ဝင်လာကာ ၊ ရွှေနှင့် ငွေသား များကို တောင်းယူ ဓါးမြတိုက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုဖြစ်စဉ် မျက်မြင်များ၏ တွေ့ရှိချက်အရ ကားအဖြူရောင်ဖြင့် လူနှစ်ယောက် ၊ ဝတ်စုံ အမည်းရောင်ဖြင့် ရွှေဆိုင်အတွင်း ဝင်ရောက် ဓါးမြတိုက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

#PPV-006
#crime
#shanstate
#မိုင်းရှူး
#ရွှေဆိုင်
#ဓားပြတိုက်ခံရ

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home