ခမ်းသားငေါဝ်း
သြဂုတ် ၁၆၊ ၂၀၂၅
https://www.facebook.com/share/p/16sAiLu8LJ/
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊ အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ဒေသစာရီကြွချီအပူဇော်ခံမည့် နေ့ရက် ထုတ်ပြန်လာကြောင်း သိရသည်။
လာမည့် စက်တင်ဘာလ ၂၂ ရက်မှ အောက်တို ဘာလ ၉ ရက် နေ့ အထိ အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ဒေသစာရီကြွချီအပူဇော်ခံပွဲ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
“ဒီတစ်နှစ်တော့ မိုးလည်းများတယ်။ အင်းလေးကန်မှာလည်း ရေတွေ တအားတက်နေတယ်။ ဘုရားကျိန်း စံကျောင်းတော်တွေ အရင်ငလျင်ဘေးကြောင့် ပျက်စီးတာတွေလည်းရှိတယ်။ ဘုန်းကြီး ကျောင်းတချို့နေရာတွေ ဆောက်လို့မပြီးသေးဘူး။ ဘုရားကျိန်းကျောင်း ယာယီစံကျောင်းတော်တွေ လည်း လိုမယ်လို့တော့ ထင်ပါတယ်။ ဒါကလည်း နီးကပ်တော့ ယာယီ ချက်ချင်း ဆောက်လိုက်လို့လည်း ရနိုင်ပါတယ်။”ဟု နန်းပန် ဒေသခံတစ်ဦးက ဆိုသည်။
၁၃၈၇ ခုနှစ် သီတင်းကျွတ် လဆန်း ၁ ရက် ၊ (၂၂-၉-၂၀၂၅) မှ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် (၉-၁၀-၂၀၂၅) နေ့ အထိ ၁၈ ရက်တိုင်တိုင် ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ရှိ နေရာဌာနပေါင်း ၂၆ ဌာန တို့တွင် သီတင်းသုံး ကြွချီ အပူဇော်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၉ ရက်တွင် ဖွင့်ပွဲ ကျင်းပကာ အင်းတိန်ကျေးပေါခုံကျောင်း တွင် ညကျိန်းမည် ဖြစ်ပြီး စက်တင်ဘာလ ၂၈ ရက်တွင် လင်းကင်းမှ ညောင်ရွှေမြို့ ကြွချီမည် ဖြစ်ကာ စက်တင်ဘာလ ၂၉ ၊ ၃၀ ရက် နှင့် အောက်တိုဘာလ ၁ ရက် အထိ သုံးရက် တိုင်တိုင် အပူဇော်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။
အင်းလေး ဖော်တော်ဦး မြတ်စွာဘုရား ဒေသစာရီ ကြွချီပွဲတော် ကျင်းပနိုင်ရန် အတွက် အင်းလေးကန် ဘုရား စံကျောင်းတော်ကြီးကို ပြန်လည် ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိနေသေးကြောင်း သိရသည်။
ရှမ်းပြည်နယ်တွင် ရက်ပေါင်း အရှည်ကြာဆုံးပွဲတော်တစ်ခုဖြစ်သော ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ပွားတော် ၄ ဆူ ဒေသစာရီ ကြွချီ အပူဇော်ခံပွဲတော်ကို နှစ်စဉ် သီတင်းကျွတ် လဆန်း ၁ ရက်မှ လပြည့်ကျော် ၃ ရက် နေ့ အထိ၊ ၁၈ ရက်တိုင်တိုင် အင်းလေးဒေသ ၂၁ ဌာနသို့ ကြွချီ လှည့်လည် အပူဇော်ခံလေ့ ရှိခြင်းဖြစ်သည်။
#PPV-006
#shanstate
#Innlay
#ဖောင်တော်ဦးဘုရား
#ဒေသစာရီကြွချီမည်
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်