ခမ်းသားငေါဝ်း
သြဂုတ် ၁၆၊၂၀၂၅
https://www.facebook.com/share/p/1L8WK4H1qi/
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊ အင်းလေးကန်တွင် မိုးကြီးခြင်းကြောင့် တစ်ရက်လျှင် တစ်ပေခန့် ရေတက်နေပြီး ရွာတိုင်း နီးပါးနေအိမ် ရေမြုပ်မှုများ ရှိကြောင်း ဒေသခံထံမှ သိရသည်။
၂၀၂၅ ခုနှစ် ဇွန်လ မှ စ၍ ဩဂုတ်လ အထိ ဆက်တိုက် ရွာသွန်းသော မိုးရေကြောင့် အင်းလေးကန်တွင် ရေ ၈ ပေ ကျော် မြင့်တက်လာနေပြီဖြစ်ပြီး ယခင်က ရေအနက် ၃ ပေ ခွဲသာ ရှိသော နေရာတွင် လက်ရှိ အချိန် ရေ အနက် ၁၂ ပေ ကျော် အထိ ရောက်ရှိနေကြောင်း မိုင်းသောက် ဒေသခံက ဆိုသည်။
“ဒီနှစ်မိုးများတာ အရင်နှစ် စံချိန်တောင် ရောက်တော့မယ်။ ခါတိုင်းနှစ်ထက်တော့ ပိုများလာနေပြီ။ အရင်နှစ်ရေအမှတ် ရောက်ဖို့ ၄ ပေ လောက်ပဲ လိုတော့တယ်။ အရင် ငလျင်သင့် နေအိမ်တွေ ဆိုရင် ရေမြုပ်နေကြပြီ။ နှစ်ထပ်ရှိတဲ့ အိမ်ဆိုရင် တစ်ထပ် မြုပ်တယ်။ တချို့ က ကျွန်းမျောတွေမှာပဲ ယာယီတဲထိုး နေကြတယ်။ ငလျင် ဘေးကြောင့် ဘုန်းတော်ကြီးကျောင်းတွေ ဓမ္မာရုံတွေ ပျက်စီးကုန်တော့ ရှောင်ဖို့ က အရင်လို့ မလွယ်တော့ဘူး။ အဆင်ပြေသလိုပဲ ယာယီတဲ ဆောက်နေကြတာ ရှိတယ်။ တချို့ နေအိမ်ထဲမှာပဲ နောက်တစ်ထပ် ဝါးတန်း ထိုးပြီး နှစ်ထပ် လုပ်လိုက်ကြတာပေါ့။”ဟု မိုင်းသောက် ဒေသခံက ဆိုသည်။
ထို့ပြင် ကုန်းမကျ ၊ ရေမကျ ကျေးရွာများတွင် သွားလာစရာ စက်လှေမရှိကြသဖြင့် သွားရေး လာရေး ခက်ခဲ နေသည်မှာ တစ်လကျော် ကြာမြင့်နေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ငလျင် ဘေးသင့် ကျေးရွာများ ဖြစ်သော ကျေးရွာပေါင်း ၂၀ ကျော် တို့တွင် ရေကြီး နစ်မြုပ်ခြင်းများ ရှိနေကြောင်း ဒေသခံများ ပြောပြချက် အရ သိရသည်။
အင်းလေးကန် ရှိ ကျေးရွာတိုင်းတွင် ရေကြီး နစ်မြုပ် နေခြင်း ဖြစ်ကာ တစ်ရွာလျှင် အနည်းဆုံး အိမ်ခြေ ၁၅ အိမ်ခန့် ရေနစ်မြုပ်နိုင်ကြောင်း ဆိုသည်။
အင်းလေးကန် ပတ်လည် ရေဝေရေလဲ ဒေသများတွင် မိုးကောင်းသော နေ့ အင်းလေးကန်တွင် ရေ တစ်ပေ ကျော်တက်ပြီး၊ ပုံမှန်ဆိုရင် တစ်ရက် နှစ်လက်မ ခန့် ရေတက်နေကြောင်း ၊ ပြန်ကျနိုင်ခြင်း မရှိကြောင်း သိရသည်။
အင်းတောင်ပိုင်း စံကားတွင် ပိတ်နေသော ဗေဒါပင်များကို ဖယ်ရှားလိုက်သော်လည်း အောက်ဘက် တွင်လည်း ရေပြည့်နေသဖြင့် ထင်သလောက် ရေပြန်ကျနိုင်ခြင်း မရှိဘဲ တန့်နေခြင်း ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးကန်တွင် သဘာ၀ ဘေး ၊ ရေကြီးဘေး ထပ်မံ ကြုံတွေ့နိုင်သဖြင့် သတိထား ဂရုစိုက်ကြပါရန် သဘာ၀ပတ်ဝန်းကျင် ပညာရှင် များကလည်း သတိပေးထားကြောင်း သိရသည်။
#PPV-006
#flooding
#Innlay
#ရေကြီး
#shanstate
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်