ခမ်းသားငေါဝ်း
သြဂုတ် ၁၆၊ ၂၀၂၅
https://www.facebook.com/share/p/16uKHx8fZW/
တော်လှန်ရေးဟူသည် လူထုကို မှန်မှန်ကန်ကန် ဦးဆောင်ရမည်၊ လူ့အခွင့်အရေးများ လေးစားကြရမည်ဟု ကရင်နီပြည်တပ်မတော် KA/ KNDF စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က ပြောကြားလိုက်သည်။
သြဂုတ်လ ၁၇ ရက်နေ့တွင်ကျရောက်သော (၇၇) နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အခမ်းအနားသို့ ကရင်နီပြည်ရှိ တပ်မှူးတပ်သားများ၊ PDF များနှင့် ပြည်သူလူထုများကို ပြောဆိုမည့် မိန်းခွန်းတွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။
” လူထုတော်လှန်ရေးဆင်နွဲချိန်တွင် လူထုနှင့်တစ်တန်းတည်းရှိရမယ်၊ လူထုဆန့်ကျင်ရေးမလုပ်ကြဖို့ နဲ့ လူထုကိုယ်သာယုံကြည်ရမှာဖြစ်တယ် ၊ လူထုဆိုတဲ့နေရာမှာလည်းအချောင်သမားများကို သတိပြုရန်လိုအပ်တယ်၊ တော်လှန်ရေးဟူသည် လူထုကို မှန်မှန်ကန်ကန်ဦးဆောင်ရမယ်၊ လူ့အခွင့်အရေးလေးစားရန်လိုတယ်” ဟု ဗိုလ်မှူးချုပ်အောင်မြတ်ကဆိုသည်။
ထို့အပြင် ကရင်နီတပ်မတော် စစ်စည်းကမ်း ၊ လူထုဓလေ့ထုံးတမ်းဥပဒေများ၊ ကမ္ဘာအရပ်ရပ်မှပြဌာန်းထားသော လူ့အခွင့်ရေးဆိုင်ရာစာချုပ်များ၊ စစ်သုံ့ပန်းဥပဒေများ ၊စစ်မြေပြင်တွင်စစ်သားများလိုက်နာရမည့် ကျင့်ဝတ်များ၊ ကလေးများ နှင့် အမျိုးသမီးများကို အထူးကာကွယ်စောင့်ရှောက်ကြရန် နှင့် ကရင်နီပြည်တပ်မတော်သည် ကရင်နီပြည်တွင်းနေထိုင်ကြသူများကို ကာကွယ်ရန်တာဝန်ရှိကြောင်း မှာကြားထားသည်။
ထို့အတူစစ်တပ်မှ ရွေးကောက်ပွဲအကြောင်းပြပြီး နယ်မြေပြန်ရယူရန်အတွက် တပ်လျှိုခြင်း၊ ညီညွတ်မှုဖြိုဖျက်ခြင်း၊ မက်လုံးပေးခြင်း၊ အသိမကြွယ်သေးသောလူထုကိုအမျိုးမျိုးမြူဆွယ်လာမည်ဖြစ်ကြောင်း အခြေမခိုင်သည့်တော်လှန်ရေးတပ်ဖွဲ့များ ပြိုကွဲပျက်စီးနိုင်ကြောင်း၊ ဖောက်ပြန်လိုသောစိတ်ဓာတ်များပေါ်ပေါက်လာနိုင်သောကြောင့် မိမိကိုယ်မိမိအထူးသတိထားကြရန်လိုကြောင်း အသိပေးပြောဆိုထားသည်။
တော်လှန်ရေးတပ်များသည် မျိုးချစ်တပ်များဖြစ်သောကြောင့် တိုက်ပွဲဆင်နွဲရာတွင် ” ကရင်နီ” အမည်တစ်ခုတည်းအောက်တွင် စည်းလုံးညီညွတ်စွာ ရှေ့ဆက်သွားကြရန် ဗိုလ်မှူးချုပ် အောင်မြတ်က ပြောဆိုထားသည်။
#PPV 003
#politic
#karenni
#KA
#KNDF
#ဗိုလ်မှူးချုပ် အောင်မြတ်
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်