ခမ်းသားငေါဝ်း
ဩဂုတ် ၁၅ ၊ ၂၀၂၅
https://www.facebook.com/share/p/1ADMHfa8Ln/
ရွာငံမြို့နယ် ယကြီးကျေးရွာလမ်း၊ မြင်းဝန်းနှင့် တပ်ပုတ်ကျေးရွာ ဆက်သွယ်ထားသည့် လမ်းများ ရေကျော်နေ၍ ဒေသခံများ သွားလာရေး ခက်ခဲနေကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း ယကြီးကျေးရွာတွင် လူအများသွားလာနေသည့်လမ်းမပေါ် ရေတိုက်စားမှုကြောင့် သွားလာရေးအတွက် ခက်ခဲစေပြီး ကုန်သွယ်ရေး စီးပွားရေးအတွက်ပါ ထိခိုက်နေကြောင်း သိရသည်။
“လမ်းက ရေကျော်ပြီး ပျက်စီးသွားပြီ။ လမ်းပိုင်းက ပြတ်ပြီး အလယ်မှာ ချောင်းလို ဖြစ်သွားတာ။ ကလေးတွေကိုလည်း ပေးဖြတ်ရမှာ စိတ်မချဘူး။ ရေစီးက နဲနဲသန်တယ်။ ကုန်တွေ ဘာတွေ ပို့မယ်ဆိုရင် အဆင်မပြေဘူး။ ခက်ခက်ခဲခဲ လမ်းကူးရတာ။ တခြားလမ်းက လည်း အရမ်းဝေးတယ်။”ဟု ဒေသခံ အမျိုးသားတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။
အလားတူ မြင်းဝန်းကျေးရွာနှင့် တပ်ပုတ်ကျေးရွာ ဆက်သွယ်ထားသည့် လမ်းတွင်လည်း ရေတက်နေ၍ ဒေသခံများသွားလာရေးခက်ခဲနေကြောင်း သိရသည်။
မြင်းဝန်းဒေသခံ အမျိုးသမီးက“တစ်ရွာနဲ့ တစ်ရွာဆက်တဲ့ လမ်းမှာ ရေတက်နေတော့ သွားလာလို့မရဘူး။ အဝေးကြီးပတ်ပြီး သွားရတယ်။ရေတက်နေတာ တစ်လ ကျော်ပြီ။ခုထိမကျသေးဘူး။”ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လမှ စပြီး ရွာငံတွင် မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် ယခုကဲ့သို့ လမ်းများပျက်စီးခြင်း၊ ရေတက်ခြင်းများ ဖြစ်ပေါ်နေသည်။
ရွာငံမြို့နယ်နှင့် သာစည်ကြားရှိ ကျွဲတပ်ရွာတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် မြေအောက်ရေများ စိမ့်ထွက်ပြီး နေအိမ် ၁၅ လုံးရေမြုပ်သွား ကြောင်း သိရသည်။
#PPV-008
#flooding
#ywangan
#ယကြီး
#မြင်းဝန်း
#ရေကြီးရေလျှံ။
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်