ခမ်းသားငေါဝ်း
သြဂုတ် ၁၅၊ ၂၀၂၅
https://www.facebook.com/share/p/1CYKg3SRAF/
ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီရုံးနှင့်ပါတီဆိုင်းဘုတ်တင်ပွဲကို သြဂုတ်လ ၁၅ ရက်မနက် ၉ နာရီချိန်က ကရင်ပြည်နယ် ဘားအံမြို့ ရတနာဒီပ၊ အမှတ် ၉ ရပ်ကွက်တွင် ကျင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
ထို့အပြင် ဘာအံမြို့နယ်ရုံးကိုလည်း တပြိုင်တည်းဖွင့်လှစ်ခဲ့ပြီး ကျန်ရှိနေသေးသည့် လှိုင်းဘွဲမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မြဝတီမြို့နယ်များတွင်လည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီသည် ပအိုဝ်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေး၊ ပအိုဝ်းစာပေ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုများကိုဖွင့်လှစ်သင်ကြားနိုင်ရေး၊ ပအိုဝ်းအမျိုးသားတို၏ ပင်ကိုယ်စရိတ်လက္ခဏာ( အမျိုးသားရေးလက္ခဏာ)များ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေးကိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် နိုင်ငံရေးမူဝါဒ(၄)ချက်၊ စီးပွားရေးမူဝါဒ (၃) ချက်၊ လူမှုရေးမူဝါဒ (၄) ချက်ကိုလည်း ချမှတ်ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီကို စစ်တပ်ပြု လုပ်မည့်ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန်သြဂုတ်လ ၈ ရက်နေ့က ပါတီအမှတ်စဉ် ၆၀ ဖြင့် ပါတီထူထောင်ခွင့်ရခဲ့ကြောင်းသိရသည်။
ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီကို ကရင်ပြည် နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးခွန်သန်းမြင့်က ဦးဆောင်ပြီး ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းသိရသည်။
#ppv002
#politics
#karen
#ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီ
#ဘာအံ
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်