ခမ်းသားငေါဝ်း
သြဂုတ် ၁၄၊ ၂၀၂၅

https://www.facebook.com/share/p/1Bc3fbFw1W/

အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ကို ရှမ်းတောင် ကွန်ဟိန်းနှင့် နမ့်စန်မြို့နယ် ရှိထုတ်ကုန် ၂၀ အပြင် ငှက်ပျောသီးဝိုင်ထုတ်ကုန်များပါ ခင်းကျင်းပြသခဲ့ ကြောင်းသိရပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ VX Tea House တွင် ဩဂုတ် (၁၄)ရက်နေ့က အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ အထိမ်းအမှတ်ပြုလုပ်ပြီး ဒေသထွက်ကုန်များ တန်ဖိုးမြှင့်တင်ပြနိုင်ခဲ့ ကြောင်းသိရသည်။

“ဒေသထွက်အသီးအနှံ ငှက်ပျောသီး၊ ဂျင်းနှင့် အခြားအသီးအနှံ‌ တွေကိုသုံးပြီး တော့ဝိုင်ကို အမျိုးအစား(၅)မျိုးထုတ်လုပ်နိုင်ခဲ့တယ်၊ တခြား ယို၊ ဌက်ပျောသီးခြောက်လုပ်ငန်းတွေ၊ မိုးညှင်းချဉ် ခြောက်တို့ မျှစ်ချဉ်တို့၊ ရှမ်းရိုးရာ အီမစ်၊ ပဲပုတ်၊ပဲပုတ်စေ့ စတဲ့ အမျိုအစား (၂၀)ကျော် ပြသနိုင်ခဲ့တယ်” ဟုပွဲစီစဥ်သည့် ကျွန်းတစ်ထောင်မြေဖောင်းဒေးရှင်းမှ ဒါရိုက်တာ နန်းဝါနုကခမ်းသားငေါဝ်းကို ပြောသည်။

ဌာနေတိုင်းရင်းသားများဖြစ်သည့် ရှမ်း၊ လီဆူ၊ လာဟူး၊ အာခါနှင့် ပလောင်တို့အနက်မှ ဒေသခံများကို နှစ်နှစ်ကျော်ကြာ အဆင့်လိုက်သင်ကြားခြင်း၊ စမ်းသပ်ထုတ်လုပ်ခြင်း၊ ဈေးကွက်ချိတ်ဆက်ခြင်းတို့ ပြုလုပ်ပြီးမှ ထုတ်ကုန်များကို အများပြည်သူရှေ့ ခင်းကျင်းဖော်ပြနိုင်ခဲ့ခြင်းဖြစ်သည်။

ဒေသခံတစ်ဦးမှ”ဒေသထွက်ကုန်တွေက တစ်နေရာနဲ့တစ်‌နေရာ မတူညီတဲ့ ဒေသထွက်ကုန်တွေကိုလေ့လာခွင့်ရတာ စိတ်ဝင်စားဖို့လည်း ကောင်းတယ်၊ဌက်ပျော်သီးဝိုင်၊ ကျွန်မတို့ ဒေသမှလည်း ရှိတယ်လို့ မထင်ခဲ့ဘူး နေရာ တော်တော်များများမှာလည်း မတွေ့ဖူးဘူး ၊ဌက်ပျော်သီးဝိုင် လေးကို စိတ်ဝင်စားတယ်”ဟု ပြောသည်။

ဤစွမ်းဆောင်မှုသည် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသခံတိုင်းရင်းသားများ၏ ကြိုးပမ်းမှု၊ ပူးပေါင်းမှုနှင့် ဒေသထွက်ကုန်ဖန်တီးမှု စွမ်းရည်ကို တစ်ပြိုင်နက်တည်း ဖော်ပြထားခြင်းဖြစ်သည်။

#PPV0013
#product
#ဒေသထုတ်ကုန်
#အပြည်ပြည်ဆိုင်ရာဌာနေတိုင်းရင်းသားနေ့
#shanstate
#Taunggyi

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home