ခမ်းသားငေါဝ်း
သြဂုတ် ၁၄၊၂၀၂၅

https://www.facebook.com/share/p/171vTcs5M8/

ပြည်တွင်းတွင် နေ့စဉ်အသုံးပြုနေသည့် လူသုံးကုန် ပစ္စည်း (၃၅)မျိုးကို ပြည်ပမှ တင်သွင်းခွင့် စစ်တပ်မှ ပိတ်ပင်လိုက်ကြောင်းကို ဩဂုတ်လ (၁၃)ရက်က လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာသည်ကို တွေ့ရသည်။

ကုန်ပစ္စည်း တင်သွင်းခွင့် ပိတ်ပင်သည့် (၃၅)မျိုးစာရင်းကို မည်သည့်အကြောင်းကြောင့် ပိတ်ပင်ခြင်းနှင့် ရက်စွဲပါရှိမှုကို မတွေ့ရပါ။

ယခုကဲ့သို့ စစ်တပ်မှ ကုန်ပစ္စည်းတင်သွင်းမှုအပေါ် ပိတ်ပင်လိုက်ခြင်းကြောင့် ကုန်းဈေးနှုန်းများ ပိုမို မြင့်တက်လာပြီး မှောင်ခိုလမ်းကြောင်းမှ တဆင့် တင်သွင်းမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း လူမှုကွန်ရက်မှာ သုံးသပ်ထားကြသည်ကို တွေ့ရသည်။

ပြည်ပမှ တင်သွင်းခွင့် ပိတ်ပင်လိုက်သည့် စာရင်းတွင် သွားတိုက်ဆေး၊သွားတိုက်တံ၊ ဆပ်ပြာ၊ တစ်ရှူး၊ သကြားလုံး၊ ခေါက်ဆွဲ၊ ကြာဇံ၊ ဘီစကစ်၊ ပဲငံပြာ ရည်၊ ကြက်အူချောင်း၊ ကော်ဖီစေ့၊ ကော်ဖီမှုန့်၊ အမွှေးတိုင်၊ သစ်သီး၊ ဌက်သိုက်၊ အင်ဂျင်ဝိုင်၊ တာယာ၊ကျွတ်၊ ဘိလပ်မြေ၊ လူကြီးဒိုက်ဘာ စသည်တို့ ပါဝင်နေသည်ကို တွေ့ရသည်။

အထူးသဖြင့် ပြည်သူများ၏ ကျန်းမာရေးအတွက် အရေးကြီးသည့် ဆေးဝါးပစ္စည်းများ တင်သွင်းခွင့်ကို ပင်လယ်ရေကြောင်း တမျိုးတည်းသာ ခွင့်ပြုကြောင်း ပါရှိသည်ကို တွေ့ရသည်။

လက်တလောမှာလည်း စစ်တပ်မှ ထိုင်း-မြန်မာ နယ်စပ်မှ ကုန်စည်တင်ဆောင်လာသည့် ကုန်ကားများစွာကို ဘားအံမြို့နယ်မှာ တားဆီး ဖမ်းဆီးမှု ရှိကြောင်း သိရသည်။

၎င်းအပြင် မန္တလေး စစ်ကိုင်းတံတားဂိတ်မှာလည်း ကုန်စည် တင်ဆောင်လာသည့် ကုန်ကားများကို စစ်တပ်မှ တားဆီးဖမ်းဆီးထားသည်မှာ လနှင့်ချီကြာနေသော်လည်း ပြန်လွတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

#PPV0011
#shanstate
#ကုန်ပစ္စည်း
#social
#ပိတ်ပင်

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home