ခမ်းသားငေါဝ်း
သြဂုတ် ၁၃၊ ၂၀၂၅
https://www.facebook.com/share/p/1YTt9UEdDn/
အင်းလေးကန် ရေကြီးမှုသည် အနီအဆင့်မှ ခရမ်းအဆင့်အထိမြင့်မား နိုင်သဖြင့် ဒေသခံများ သတိပြုကာ အန္တရာယ်မှ ရှောင်ရှားရန်နှင့် လိုအပ်ပါက ကယ်ဆယ် ရွေ့ပြောင်းရေးဆောင်ရွက်ရန် မိုးလေဝသပညာရှင်က သတိပေးထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးအထက်ဘက် ရွှေညောင်နှင့် အင်းလေးကန်တောင်ဘက် မိုးဗြဲတွင် ရေကြီးခြင်းသတိပေးချက် သည် အနီရောင်အဆင့်(HIGH)တွင် ရှိနေကြောင်း မနေ့ ဩဂုတ် ၁၂ ရက်နေ့တွင် Global Flood Awareness System နှင့် Global Flood Minitoring System မှသိရ ကြောင်းဖော်ပြထားသည်။
ထို့ပြင် အင်းလေးကန်သည် လာမည့် ဩဂုတ်လ ၁၉ ရက်နေ့မှ စတင်၍ သတိပေးအဆင့် အမြင့်ဆုံးခရမ်းရောင်(EXTREME LEVEL)သို့ရောက်ရှိကာ ဩဂုတ်လ လကုန်ပိုင်းမှ စက်တင်ဘာလဆန်းပိုင်းအထိ (EXTREME LEVEL) တွင် ဆက်လက်ရှိနေနိုင်ကြောင်း သတိပေးထားသည်။
ထို့ကြောင့် အင်းလေးကန်သည် ရေကြီး၊ရေလျှံမှုအမြင့်ဆုံး သတိပေးချက် ဖြစ်သဖြင့် အင်းလေးဒေသရှိ ဒေသခံများ သတိပြုရှောင်ရှားနိုင်ရန်နှင့် ကယ်ဆယ်ရွှေ့ပြောင်းခြင်း ဆောင်ရွက်နိုင်ကြရန် မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်မှ အသိပေးထားပါသေးသည်။
PPV0013
ပုံ-အွန်လိုင်း
#မိုးလေဝသ
#အင်းလေးကန်ရေကြီးမှ
#အနီအဆင့်မှခရမ်းအဆင့်အထိမြင့်
#အန္တရယ်မှရှောင်ရှားရန်
#ကယ်ဆယ်ရွေ့ပြောင်းရေးဆောင်ရွက်ရန်
#မိုးလေဝါသပညာရှင်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်