ခမ်းသားငေါဝ်း
သြဂုတ် ၁၃၊ ၂၀၂၅
https://www.facebook.com/share/p/16rkeAgP8G/
ဖယ်ခုံ – မိုးဗြဲ – လွိုင်ကော် ယာဥ်လိုင်းများ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း ဖယ်ခုံမြို့တွင်နေထိုင်နေသည့် ပြည်သူတစ်ဦးထံမှ သိရသည်။
ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် ပင်လောင်း – လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးအား ပြန်လည်သွားလာနိုင်ပြီဖြစ်သည်ဟု ထုတ်ပြန်ထားပြီးနောက် ဖယ်ခုံ – မိုးဗြဲ – လွိုင်ကော် ယာဥ်လိုင်းများ ပြန်လည်ပြေးဆွဲနေသည်။
” ဖယ်ခုံ – မိုးဗြဲ – လွိုင်ကော် ၊ ဖယ်ခုံ – ပင်လောင်း – တောင်ကြီး ကားတွေရှိတယ်၊ ကားတွေနေ့တိုင်းရှိပါတယ်၊ လွိုင်ကော်ဖက်သွားချင်ရင် ဘာတွေလိုအပ်လည်း တော့မသိဘူး၊ ကားတွေတော့ သွားနေတာဘဲ ” ဟု ဖယ်ခုံမြို့တွင်နေထိုင်နေသော ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ဖယ်ခုံမြို့တွင်းတွင်လည်း ဒေသခံအချို့ပြန်လာနေထိုင်ကြပြီဖြစ်ပြီး စျေး၊ ဆိုင်ခန်း အချို့ဖွင့်လှစ်ထားကြကြောင်း၊ ရပ်ကွက်အချို့တွင်လည်း သန့်ရှင်းရေးမလုပ်ရေးသေးဘဲ၊ ခြုံများဖြင့် လမ်းပိတ်နေသေးကြောင်း ၎င်း ကဆိုသည်။
ဖယ်ခုံမြို့တွင် ပြန်လည်နေထိုင်လိုသော်လည်း နောက်တစ်ကြိမ် စစ်ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ရမည်စိုးသောကြောင့် ပြန်မလာရဲသေးသည့် ဒေသခံများလည်းရှိနေကြောင်းသိရသည်။
PPV 003
ပုံအွန်လိုင်း
#လူ့အခွင့်အရေး
#ဖယ်ခုံ –
#မိုးဗြဲ
#လွိုင်ကော်
#ယာဥ်လိုင်းများပြန်လည်ပြေးဆွဲ
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်