ခမ်းသားငေါဝ်း

သြဂုတ် ၁၃၊ ၂၀၂၅

https://www.facebook.com/share/p/14EEuCGiH5K/

တောင်ကြီးတွင် စစ်တပ်မှ အတင်းအဓမ္မ စစ်မှု‌ထမ်းခေါ်ဆောင်ခြင်းခံရသော စစ်မှုထမ်းတပ်သား(၁)ဦး ရှေ့တန်းစစ်မြေပြင်တွင် သေဆုံးခဲ့ပြီး (၆)လကြာမှ မိသားစုဝင်ထံ အသိပေးကာ နောက်ကျမှ နာရေးလုပ်ခွင့်ရကြောင်း သိရသည်။

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ လမ်းမတော်ရပ်ကွက်‌မှာ နေထိုင်သည့် မောင်ချမ်းမြေ့အောင်(ခ) အောင်အောင် ဆိုသူကို စစ်တပ် စစ်မှုထမ်း‌ အပတ် စဉ်(၁)တွင် ပါသွားခဲ့ပြီး လွန်ခဲ့သည့် (၆)လက ရှမ်းမြောက်လားရှိုးဖက် စစ်မြေပြင်၌ ကျဆုံးခဲ့ကြောင်း သိရသည်။

“အရမ်း လိမ္မာတဲ့‌ကောင်းလေးပါ။ လာခေါ်တုန်းကလည်း စစ်မှုထမ်းမဲနှိုက်ရမယ်ဆိုပြီး အိမ်ထိ ကားနဲ့ လာခေါ်သွားတာ။ မဲနှိုက်ပြီး ချက်ချင်းပေါက်ပြီး သင်တန်း တန်းဖို့ခံခဲ့ရတာ။ ကြားထဲ အဆက်အသွယ်မရတာလည်း ကြာပြီ။ ပြန်ကြားလိုက်တာက (၆)လလောက်ရှိပြီတဲ့ ဆုံးသွားတာ။ အလောင်းလည်း ပြန်မရဘူး”ဟု ဖြစ်စဉ် သိရှိသူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

သေဆုံးသွားသည့် ထိုလူငယ်ကို ရပ်ကွက် ဥက္ကဌနှင့် စာရင်းမ မှ လိမ်လည်ခေါ်ဆောင်ခြင်းခံရတာ ဟိုပုံးစစ်မှုထမ်းသင်တန်းကျောင်းသို့ ရက်တိုသင်တန်းတက်ပြီး ရှေ့တန်း စစ်မြေပြင်သို့ ပို့‌ဆောင်ခြင်းခံခဲ့ရသူ ဖြစ်ကြောင်း သိရသည်။

တောင်ကြီးတွင် စစ်တပ်မှ အတင်းအဓမ္မ စစ်မှုထမ်းခေါ်ဆောင်ခြင်းမှ ပါသွားသည့် လူငယ်များသည် ယခုဖြစ်စဉ်ကဲ့သို့ ရှေ့တန်း စစ်မြေပြင်မှာ ကျဆုံးမှုရှိနေကြောင်း နောက်ကျမှ သိရသည့် ဖြစ်စဉ် မကြာခဏရှိကြောင်း သိရသည်။

“ကျွန်မအသိထဲမှာလည်း အဲ့လိုတွေကြားနေရတယ်။ ဆုံးသွားတာ (၄)လလောက်မှ သိရတာမျိုး။ နာရေးလုပ်လည်း ၉၆ ပါး ရောဂါနဲ့ ဆုံးသွားကြောင်း ထည့်ရတာ”ဟု အမျိုးသမီးတစ်ဦးကပြောသည်။

တောင်ကြီးမြို့ ကျောင်းကြီးစု၊ ရတနာသီရိ၊ ကံသာ၊ စိန်ပန်း၊ ညောင်ဖြူစခမ်း၊ ချမ်းမြသာစည် ရပ်ကွက်များမှာ ယခင်ကလည်း လူငယ်များကို စစ်တပ်မှ စစ်မှုထမ်း အတင်းအဓမ္မခေါ်ဆောင်ကာ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးကြောင်း နောက်ကျမှ သိရပြီး အလောင်းပြန်မရဘဲ နာရေးကိုကျင်းပရကြောင်း သိရသည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တောင်ကြီး
#စစ်တပ်မှအတင်းအဓမ္မစစ်မှု‌ထမ်းခေါ်ဆောင်
#ရှေ့တန်းစစ်မြေပြင်တွင်သေဆုံး
#နောက်ကျမှနာရေးလုပ်ခွင့်ရ

https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home