ခမ်းသားငေါဝ်း
သြဂုတ် ၁၃၊ ၂၀၂၅
https://www.facebook.com/share/p/1aCTvW8Uza/
တောင်ကြီးမြို့၊ ကံကြီးရပ်ကွက် မနေ့ဩဂုတ် (၁၂)ရက်နေ့ ညနေပိုင်းအချိန် ကား ရေဆေးဆီလိုက်တွင် လိုင်စင်မဲ့ကားအစီး၃၀ကျော်ဖမ်းဆီးခံရ ကြောင်းဒေသခံဆီမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ကံကြီးရပ်ကွက်ရှိ ကားရေဆေးဆီလိုက် တကျောလုံးတွင် မနေ့ည ၃ နာရီ ဝန်ကျင်အချိန် နေပြည်တော် အဖွဲ့မှ ရှောင်တခွင် လိုင်စင်မဲ့ လာရောက်စစ်ဆေးချိန် ကားလိုင်စင်မဲ့ အစီး (၃၀)ကျော် ပါသွားသည်။
“မနေ့ညတုန်းကလာဖမ်းသွား၊ မနေ့ညနေခင်းပေါ့ ၃ နာရီ ၄ နာရီလောက် ကံကြီးဘက် တစ်ကျောလုံး ဖမ်းသွား၊ အစီး (၃၀)လောက်ပါသွားတယ်၊ ကားရေဆေးဆီလိုက်မှာပဲဝင်ဖမ်းတာ” ဟု ဒေသခံတစ်ဦးမှ ပြောသည်။
အဆိုပါလုပ်ရပ်သည် နေပြည်တော်ဘက်မှ လိုင်းပေါ်တွင် ကားအရောင်း၊အဝယ် ပိုစ့်တင်ခြင်းမှတဆင့်သိရှိပြီးနောက် နေပြည်တော်ဘက်မှ တိုက်ရိုက်အဖွဲ့ဖွဲ့ကာ ကံကြီးဘက်သို့ လာဖမ်းခိုင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ဒီဘက်မှာက ကားပွဲစားများတာကော၊နေပြည်တော်က ဖမ်းခိုင်းတာ အရင်တစ်ခေါက်လည်းဖမ်းပြီးပြီး ၊ သူများရှောင်ခိုင်းတာ သူတို့မရှောင်ဘူးလေ ပါသွားတာ”ဟု ၎င်းကဆက်ပြောသည်။
အလားတူ ပြီးခဲ့သည့်လတွင်လည်း မြေဖြူရပ်ကွက်ရှိ ကား၊ ရေဆေးဆီလိုက်တွင်လည်း လိုင်စင်မဲ့ကားများဝင်ရာက်ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်လည်းရှိခဲ့ ကြောင်းသိရသည်။
၂၀၂၅၊ မေလ (၃၀)ရက်နေ့မှစတင်ကာလိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးခြင်းကို နိုင်ငံတစ်ဝန်း အရှိန်အဟုန်မြှင့် လုပ်ဆောင် လျက်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး၊ဟဲဟိုး၊ ညောင်ရွှေ၊ အောင်ပန်း၊ ရပ်စောက်၊ ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့ဘက်တွင် ယခုချိန်ထိ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ဖမ်းဆီးလျက်ရှိ ကြောင်းသိရပါသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#ကံကြီးရပ်ကွက်
#ကားရေဆေးဆီလိုက်
#နေပြည်တော်အဖွဲ့မှ
#ရှောင်တခွင်လိုင်စင်မဲ့လာရောက်စစ်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်