ခမ်းသားငေါဝ်း

သြဂုတ် ၁၂၊ ၂၀၂၅

https://www.facebook.com/share/p/1782MvE941/

လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စုထဲရှိ ဒေသခံများသည် (၂)နှစ်နီးပါးစစ်ဘေးတိမ်းရှောင်နေရပြီဖြစ်သော်လည်း ယခုချိန်ထိ နေအိမ်ပြန်ရန်အခက်အခဲရှိနေသေးကြောင်း ဩဂုတ်လ(၁၂)ရက်နေ့တွင် ဒေသခံထံမှသိရသည်။

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စုရှိ ကယန်းသာယာ၊ ကယန်းမြောက်၊ အောင်သပြေကုန်း၊ ကျောက်ကြီး၊ကျောင်းကုန်း၊ကုန်းသွတ် အစရှိသည့်ဒေသခံများသည် တစ်နှစ်ကျော် (၂)နှစ်နီးပါးအထိ စစ်ဘေးရှောင်နေရပြီဖြစ်သော်လည်း နေအိမ်ပြန်ရန် အခက်အခဲရှိနေသေးကြောင်း သိရသည်။

“သူတို့က ပြန်နေချင်ပြီဆိုရင် အိမ်ထောင်စုစာရင်းအရင်သွင်းပေါ့၊ ၂လ၊၃လတစ်ခါတော့ အမြဲတမ်းစာရင်းသွင်းနေရတာဘဲ၊ နောက်လကျရင် ပြန်လို့ရတော့မယ်နဲ့ ၁ နှစ်တောင်ပြည့်တော့မယ် ခုထိမပြန်ရသေးဘူး”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောလာသည်။

ထို့ပြင်ကယန်းသာယာ၊ ကယန်းမြောက်၊ အောင်သပြေကုန်း၊ ကျောက်ကြီး၊ ကျောင်းကုန်း၊ ကုန်းသွတ်ရွာထဲတွင် ရွာသူ/သားများစစ်ရှောင်နေသည့် ကာလအတွင်း၌ စစ်တပ်ကတပ်ဆွဲထားသဖြင့် ကျေးရွာအတွင်းတွင် ယခုချိန်ထိမြေမြုပ်မိုင်းများရှိနေသေးသောကြောင့် ဒေသခံများပြန်နေရန် မရဲကြသေးကြောင်း သိရသည်။

နောက်ထပ်ဒေသခံတစ်ဦးက” ဘယ်သူမဆို စစ်ရှောင်ချင်တဲ့သူ/ အိမ်မပြန်ချင်တဲ့သူရှိမလဲနော်၊ အခြေနေအရမို့သာစစ်ရှောင်နေရတာ၊ စားဝတ်နေရေးလည်းအဆင်မပြေဘူးလေ၊ အိမ်ပြန် လို့ရရင်ကောင်းတာပေါ့ ၊ဒါပေမဲ့ အရင်လိုချောချောချူချူနဲ့ သွားလာရေးတွေ အဆင်မပြေရင် ပြန်နေလို့ရခဲ့ရင်လည်း ဝမ်းရေးအတွက်အဆင်မပြေမှုတွေဖြစ်နေမှာဘဲလေ” ဟုသူကပြောသည်။

(၂၀၂၁)ခုနှစ် စစ်တပ်အာဏာသိမ်းပြီး အစောပိုင်းကာလတွင်လည်း အောင်သပြေကုန်း၊ ကျောက်ကြီး၊ ကျောင်းကုန်း၊ ကုန်းသွတ် စသည့်ဒေသခံများသည် တစ်ကြိမ်စစ်ဘေးရှောင်ခဲ့ရပြီး တော်လှန်ရေးတပ်ဖွဲ့များ ဖော်ဆောင်သည့် (၁၁၁၁)စစ်ဆင်ရေးကြောင့် နောက်တစ်ကြိမ် ထပ်မံစစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

လွိုင်ကော်မြို့နယ်အတွင်းရှိ ဒေသခံများသာမကပဲ ဒီးမော့ဆိုမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုးဗြဲမြို့နယ်တို့တွင်လည်း ဒေသခံများ ယခုချိန်ထိ နေရပ်ပြန်နိုင်ရန် အခက်အခဲများရှိနေသေးကြောင်း သိရသည်။

PPV0010
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#လွိုင်ကော်မြို့နယ်
#နွားလဝိုးကျေးရွာအုပ်စု
#ကယန်းသာယာ
#ကယန်းမြောက်
#အောင်သပြေကုန်း
#ကျောက်ကြီး
#ကျောင်းကုန်း
#ကုန်းသွတ်

https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home