ခမ်းသားငေါဝ်း
သြဂုတ် ၁၂၊ ၂၀၂၅
https://www.facebook.com/share/p/174tkhXjx3/
စံကားဒေသတောင်ဘက်ရှိ ဒေသခံများ နေရပ်အကုန်ပြန်နိုင်ပြီဖြစ်သော်လည်း စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေကြသည်ဟု ဩဂုတ်လ(၁၂)ရက်နေ့တွင် ဒေသခံထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသတောင်ဘက်တစ်ကျောရှိ နယ်မြေများသည် စစ်တပ်နှင့် PNOပြည်သူ့စစ်တို့က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသခံများသည်လည်း ဩဂုတ်လပထမ အတွင်းနေရပ်အကုန်ပြန်နိုင်ပြီဖြစ်ကြောင်း သိရသည်။
“အခုပြန်လာနေတဲ့ဒေသခံတွေကလည်း ဘာမှမရှိထားဘူး၊ စားဖို့သောက်ဖို့တွေကအစ တစ်ချို့မိသားစုဆို စက်လှေလည်းမရှိ အိမ်ပြန်ရင်ဒီတိုင်းပြန်လို့ကမရ ကားခ၊ စက်လှေခတွေရှိအုန်းမှာလေနော် အမျိုးမျိုးပဲအခက်အခဲတွေက”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
နေရပ်ပြန်လာသည့်ဒေသခံများသည် စစ်တပ်နှင့် PNOပြည်သူ့စစ်အတွက် တစ်အိမ်ထမင်း(၁၀)ထုပ်လည်း နေ့တိုင်းပို့ဆောင်ပေးနေရကြောင်း သိရသည်။
“အခုကငါးတွေဆိုလည်း သူတို့သတ်မှတ်ပေးတဲ့ မနက်(၆)နာရီ၊ ည(၆)နာရီ အဲ့အချိန်တွေပဲထွက်ရှာလို့ရတာ၊ စိုက်ပျိုးရေးဆိုလည်း သူတို့ခွင့်ပြုတဲ့ ဟာပဲလုပ်ကိုင်လို့ရ၊ တစ်ဖက်မှာလည်း ထမင်းထုပ်နေ့တိုင်းပို့ပေးရတာနဲ့ ဆက်ကြေးကောက်ရင် ပေးရတာနဲ့ ဘာပြောရမှန်းတောင်မသိတော့ဘူး၊ အဆင်မပြေကြောင်းလည်း ဘယ်ကမှသူတို့ကို ပြန်ပြောရဲမှာမဟုတ်ဘူး” ဟု၎င်းကဆက်ပြောသည်။
ထို့အပြင်စစ်တပ်နှင့် PNOပြည်သူ့စစ်တို့သည် ဒေသခံများကိုစစ်ဝတ်စုံများကိုယ်စီ ဝယ်ခိုင်းကာ၊ သေနတ်တပ်ဆင်ပေးပြီး ရွာအဝင်အထွက်နှင့် စက်လှေဆိပ်များ၌ အလှည့်ကျစနစ်ဖြင့် တစ်ပတ် (၁၀)ယောက်မှ (၁၅)ယောက်အထိ လူအဝင်အထွက်များ စောင့်ကြည့်ခိုင်းထားသေးကြောင်း သိရသည်။
စံကားဒေသတောင်ဘက်တွင် ထီခိုး(ရေပူ)ရွာ၊ လွယ်နွဲ့ဘုရားတောင်ရေဆိပ်၊ ညောင်လေးပင်၊ တောင်ပို့ကွဲ စသည့်ကျေးရွာများရှိပြီး စစ်တပ်နှင့် PNOပြည်သူ့စစ်နေရပ်ပြန်နေခိုင်းသည်ကို မပြန်ပါက နေအိမ်ချိတ်ပိတ်မည်ဟုလည်း ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်။
#PPV007
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#စံကားဒေသတောင်ဘက်တစ်ကျော
#နေရပ်အကုန်ပြန်နိုင်ပြီ
#ထီခိုး
#ရေပူ
#လွယ်နွဲ့ဘုရားတောင်ရေဆိပ်
#ညောင်လေးပင်
#တောင်ပို့ကွဲ
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်