ခမ်းသားငေါဝ်း
သြဂုတ် ၁၂၊ ၂၀၂၅

https://www.facebook.com/share/p/1AZL1uwXoy/

တောင်ကြီးမြို့၊ မြို့မဈေးမီးပွိုင့် အနီး တစ်လမ်း သွားလမ်းတွင်ယနေ့ မနက် ၃ နာရီအချိန်က ရဲ၊စစ်သားဝတ်စုံဖြင့် လူ၄ဦး ယာဉ်လိုင်စင် စစ်ဆေး ငွေညစ်တောင်းခြင်းဖြစ်ပွားခဲ့ ကြောင်းကြုံတွေ့ရသည့်ဒေသခံထံသိရပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့မစျေး မီးပွိုင့်အနီးတွင် ဩဂုတ်လ (၁၂)ရက်နေ့ မနက် ၃ နာရီခွဲခန့်အချိန်ကမော်တော်ပီကယ်မဟုတ်ဘဲ ရဲဝတ်၊ စစ်သားဝတ်စုံဝတ် ဆင်ထားသည့် လူ ၄ ဦးသည် အမှောင်ထဲမှ စောင့်နေပြီး ကား၊ဆိုင်ကယ်မောင်းနှင်းလာသူများကို လိုင်စင်စစ်ပြီး တစ်စီးလျှင် ၃ သောင်းကျပ်တောင်းခံ ကြောင်းသိရပါသည်။

“အဝင်ကတည်းကိုက အမှောင်ထဲမှာ စောင့်ပြီး လိုင်စင်မေးငွေတောင်းတာ၊ဆိုင်ကယ် အစုတ်နဲ့ သွားတာကို လိုင်စင်မေးတယ်၊ ဆိုင်ကယ်ဦးထုပ်တောင် ဆောင်းထားတယ်၊ အဲ့တာ ပိုက်ဆံ ၃ သောင်းပေးလိုက်ရတယ်”ဟု ဖြစ်စဉ်ကြုံတွေ့သူကိုယ်တိုင်က ခမ်းသားငေါဝ်းကိုပြောသည်။

ယနေ့သည်တောင်ကြီးမြို့ ၅ ရက်တစ်စျေး စျေးနေ့ဖြစ်ပြီးမနက်စောစော တောင်ကြီးမြို့မဈေးအနီးရှိ ကုန်စိမ်းဒိုင်များတွင် ဟင်းသီးဟင်းရွက် သွားဝယ်ချိန်ထိုသို့ ကြုံတွေ့ခဲ့ ကြောင်းသိရပါသည်။

အဆိုပါလူများသည်လိုင်စင်စစ် ငွေတောင်းခံပြီးနောက် တစ်နာရီအတွင်းပြန်သွားကြောင်း စစ်ဆေးချိန်တွင် “မပေးလျှင် ရုံးသွားမလား” ဟု ဆိုင်ကယ်သမားများအား ခြိမ်းခြောက်ကာ သော့ဖြုတ်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်းသိရပါသည်။

ဒေသခံတစ်ဦးမှ”တော်တော်ဆိုးနေပြီး မနက်တိုင်းလည်းမလာဘူး၊ကားသမား တွေလည်းဖမ်း၊ ပိုက်ဆံ တောင်းတယ်သေနတ်လည်းမပါဘူး ၊ပုပုသေးသေးလေးတွေ၊ဝတ်ထားတာလည်းစုတ်ပြတ်၊ သူတို့အဲ့အချိန်ဖမ်းလို့ ဆိုင်ကယ် သော့ ဆွဲဖြုတ်လို့ မကျေမနပ်ဖြစ်နေကြတာ လူကို ဟောက်လားရမ်းလားလုပ် သေးတယ်” ဟု ပြောဆိုထားသည်။

တောင်ကြီးမြို့ တွင် ထိုသို့ ရဲ၊စစ်သားဝတ်စုံဖြင့်ယောင်ဆောင်ငွေတောင်းခြင်း၊ ဆိုင်ကယ်လုခြင်း၊ တို့ဆေးဖြင့်ခိုးခြင်း၊ ကားဆိုင်ကယ်ခိုးခြင်း နေစဥ်နှင့်အမျှဖြစ်ပွားသော်လည်းဖမ်းဆီးအရေးယူပေးလခင်းမရှိကြောင်းဒေသခံထံသိရသည်။

တောင်ကြီးမြို့ပေါ်တွင် လိုင်စင်မဲ့ယာဉ် ဖမ်းစီးမှုနေ့စဉ်ရက်ဆက် ပိုမိုပြင်းထန်လာကြောင်းနှင့် ကား၊ ဆိုင်ကယ် လိုင်စင် စစ်ဆေးချိန်တွင်လည်း ဖုန်း VPN ရှိ၊မရှိ အပြင် မှတ်ပုံတင်ပါစစ်ဆေး နေကြောင်းသိရပါသည်။

#PPV0013
#shanstate
#Taunggyi
#Khamsarngor
#crime
#ခိုးဆိုးလုယက်

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home