ခမ်းသားငေါဝ်း
သြဂုတ် ၁၀၊ ၂၀၂၅
https://m.facebook.com/story.php?story_fbid=1185077570322088&id=100064595686020&mibextid=Nif5oz
ရှမ်းပြည်မြောက်ပိုင်း မိုးကုတ်မြို့အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဘုန်းကြီး ကျောင်းကို ဗုံးကြဲချတိုက်ခိုက်မှုကြောင့် သံဃာတော် (၁)ပါးအပြင်ပြည်သူ(၄)ဦးသေဆုံးခဲ့ ကြောင့် TNLAမှ ယနေ့ ဩဂုတ်(၁၀)ရက်နေ့၌ထုတ်ပြန်ထားပါသည်။
မနေ့ ဩဂုတ်လ (၉)ရက်နေ့ ၇နာရီ ဝန်ကျင်အချိန် မိုးကုတ်မြို့အရှေ့ပိုင်းရှိ ကျောက်နဂါးဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး (၂)လုံး လာရောက်ကြဲချခဲ့ ကြောင်းသိရပါသည်။
“ညနေ ၆နာရီ ၄၅ မိနစ်အချိန်မှ ကျောက်နဂါးကျေးရွာ က ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ကြဲသွားတာ အသက်(၇၁)နှစ်ရွယ်အမျိုးသားတစ် ယောက်၊ ကိုရင်တစ်ပါး၊ အသက် (၃၂) အရွယ်အမျိုးသမီးတစ်ယောက် ပြီးတော့ ၁၅နှစ်အောက် ကလေး (၂)ယောက်လည်း ထိသွားတယ်”ဟု ဒေသခံတစ်ဦးမှ ပြောသည်။
သေဆုံးသွားသည် ကလေးနှစ်ဦးသည် အသက်(၈)နှစ်အရွယ် ယောက်ျားလေး နှင့် အသက် (၁၁)နှစ်အရွယ် မိန်းကလေးငယ် ဖြစ်ပြီး သံဃာတော် (၁)ပါးနှင့် အမျိုးသား (၁)ဦးတို့မှလည်း ထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၅)အိမ်လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ ကြောင်းသိရပါသည်။
ထို့ပြင် ဇူလိုင်လမှ ဩဂုတ်လ (၈)ရက်နေ့အထိ စစ်ကောင်စီတပ်မှ မိုးကုတ်မြို့ကို လေကြောင်းဖြင့် အကြိမ်ရေ (၆)ကြိမ် ဗုံးများကြဲချမှုကြောင့် ကလေးနှင့် သံဃာတော်များ အပါ ပြည်သူ (၂၁)ဦး သေဆုံးခဲ့ရပြီး ၆၀နီးပါး ထိခိုက်ဒဏ်ရာရှိကာ နေအိမ် (၄၈)အိမ် လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ ကြောင်းသိရပါသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ရှမ်းပြည်မြောက်ပိုင်း
#မိုးကုတ်မြို့အရှေ့ပိုင်း
#ဂျက်ဖိုက်တာဖြင့်ဘုန်းကြီးကျောင်းကိုဗုံးကြဲ
#သံဃာတော်
#TNLA
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်