ခမ်းသားငေါဝ်း
သြဂုတ် ၁၀၊ ၂၀၂၅
https://www.facebook.com/share/p/19Ycz2QzfF/
ကရင်နီပြည်နယ် ၊လွိုင်ကော်- ဒီးမော့ဆို – ဖရူဆို လမ်းမကြီးအား မြေပြင်စစ်ရေးအခြေအနေအရ သြဂုတ်လ(၁၀)ရက်နေ့မှစ၍ အသုံးပြုသွားခြင်းမပြုလုပ်ကြရန် KNDF မှ ယနေ့တွင်ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဩဂုတ်လ(၈)ရက်နေ့မှစ၍ ဒီးမော့ဆိုမြို့အတွင်းသို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးလှုပ်ရှားမှုများကြောင့် တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ဖရူဆိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်များမှလည်း ဒီးမော့ဆို-ဖရူဆို လမ်းတစ်လျှောက်သို့ လက်နက်ကြီးများဖြင့် ပစ်ခက်မှုများ ပြုလုပ်နေ ကြောင်းထုတ်ပြန်ထားသည်။
ထို့ပြင် ဩဂုတ်လ (၈)ရက်နေ့တွင်ဒီမော့ဆို အရှေ့ခြမ်းမှ စစ်ဘေးရှောင်ပြည်သူ (၁၅)ဦး ပါသည့် ကားတစ်စီးသည် စစ်ကောင်စီ စစ်ကြောင်းနှင့် တိုးသဖြင့် အဖမ်းခံရခဲ့ကြောင်းကရင်နီပြည် စစ်ဘေးရှောင်ကူညီကယ်ဆယ် ရေးအဖွဲ့မှသိရသည်။
” ပြန်လွတ်လာကြပါပြီတဲ့ ၂ ယောက်တော့ဖမ်းထားသေးတယ်” ဟု ကရင်နီပြည် စစ်ဘေးရှောင်ကူညီကယ်ဆယ် ရေးအဖွဲ့မှပြောသည်။
ထို့ကြောင့် ၂၀၂၅၊ ဩဂုတ်လ(၁၀)ရပ်မှစ၍ စစ်ရေးအခြေအနေများကြောင့် လွိုင်ကော်- ဒီးမော့ဆို- ဖရူဆို လမ်မကြီးအပြင် လမ်းမကြီးအပေါ် ဖြတ်သန်း သွားလာခြင်း မပြုလုပ်ကြရန်နှင့် ရက်အကန့်အသတ်မရှိ ပိတ်ထားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#စစ်ရေး
#ကရင်နီပြည်နယ်
#လွိုင်ကော်
#ဒီမော့ဆို
#ဖရူဆိုလမ်းမကြီး
#မြေပြင်စစ်ရေးအခြေအနေအရ
#KNDF
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်