ခမ်းသားငေါဝ်း
သြဂုတ် ၉၊ ၂၀၂၅
https://www.facebook.com/share/p/19Vx9qfbdA/
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့တွင် မိုးကြီးသဖြင့် ရေကြီးရေလျှံမှုဖြစ်ပြီး စိုက်ခင်းများရေနစ်မြုပ် ပျက်စီးမှု ရှိကြောင်း ဒေသခံထံမှ သိရသည်။
ကွန်ဟိန်းတွင် ဩဂုတ်လ (၈) ရက် မနက်ပိုင်းက နန်းပန်ချောင်းရေတက်လာသဖြင့် နေအိမ်များအတွင်း ရေဝင်ရောက်မှု ရှိကြောင်း သိရသည်။
“မနက်ခင်း လူအိပ်ချိန်လောက်မှာ မိုးကြီးတယ်။ ဒီနေ့ အထိ ရေမကျသေးဘူး။ မီးကပျက်နေသေးတယ်။ ဒီနှစ် ကလည်း မိုးတအားများတယ်။”ဟု ကွန်ဟိန်း ဒေသခံ တစ်ဦးက ဆိုသည်။
နန်းပန်ချောင်းရေ နှင့် ထိစပ်နေသော ရပ်ကွက်များ ဖြစ်သည် ရပ်ကွက် ၁ ၊ ၂ နှင့် ၅ တို့တွင် ရေတက်နေသဖြင့် လယ်ယာမြေများလည်း ထိခိုက်ပျက်စီးဆုံးရှုံးမှု ရှိသည်။
နန်းပန်ချောင်းသည် ကွန်ဟိန်းမြို့ကို ဖြတ်သန်းစီးဆင်းသွားခြင်း ဖြစ်ပြီး ချောင်းရိုးတစ်လျှောက် လူနေအိမ်များ စိုက်ခင်းများစွာ တို့နှင့် ထိစပ်နေခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ကွန်ဟိန်းမြို့ သည် ရှမ်းဘာသာ စကားဖြင့် ကျွန်းတစ်ထောင် မြေဟု အဓိပ္ပါယ် ရပြီး ၊ နမ့်ပန်မြစ်ကြောင့် လှပသော ကွန်အော် ရေတံခွန် စီးဆင်းရာ မြို့လေး အဖြစ် လည်း ထင်ရှားသည်။
#PPV-006
#shanstate
#Khamsarngor
#ကွန်ဟိန်း
#ရေကြီး
#သီးနှံပျက်စီး
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်