ခမ်းသားငေါဝ်း
သြဂုတ် ၇၊ ၂၀၂၅
https://www.facebook.com/share/p/16tA9Kt3iy/
ဆီဆိုင်-နောင်ထော်သွားလမ်းပိတ်ထားသည်ကို ဖြတ်သန်းသွားလာသည်ဟုဆိုကာ PNO ပြည့်သူ့စစ်က ဒေသခံမှတ်ပုံတင်များကိုသိမ်းယူထားသဖြင့် အခက်အခဲများဖြစ်နေကြကြောင်း ဩဂုတ်လ (၇) ရက်နေ့တွင် ဒေသခံများထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆီဆိုင်-နောင်ထော်သွားလမ်းတွင် PNO ပြည်သူ့စစ်က ပိတ်ထားပြီး သွားလာမှုပြုလုပ်သည့်ဒေသခံများကို မှတ်ပုံတင်သိမ်းယူခြင်းပြုလုပ်နေကြောင်း သိရသည်။
“သွားချင်ရင်သွား၊ မှတ်ပုံတင်တော့ပေးခဲ့၊ ပြီးကျရင် ဒီတစ်ပတ်အတွင်းပြန်မလာသေးနဲ့ အလုပ်စတော့မယ် အဲ့လိုပြောပြီး သွားခိုင်းတာ၊ သူတို့တကယ်တိုက်တော့မယ်လို့ ပြောတဲ့သဘောပေါ့”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ဆီဆိုင်-နောင်ထော်သွားလမ်းပိတ်ထားသည်မှာကြာပြီဖြစ်သော်လည်း အခက်အခဲအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်မှုမလုပ်ဘဲကျန်နေသည့်ဒေသခံများလည်းရှိနေပြီး ၎င်းတို့သည် ဆီဆိုင်/ဆိုင်ခေါင်စျေးသို့ မကြာခဏဈေးသွားသုံးနေကြောင်း သိရသည်။
နောက်ထပ်ဒေသခံတစ်ဦးက “အမှန်ဆိုမြို့ထဲသွားရင်၊ မှတ်ပုံတင်ပေးရမှာလေ၊ အခုက သူတို့ယူထားတော့ မြို့ထဲလည်းမဝင်ရဲဘူး၊ ပြန်သွားရင်လည်း သူတို့က တကယ် တိုက်တော့မယ်ပြောတော့ မပြန်ရဲပြန်ဘူး၊ ကလေးတွက်ပစ္စည်းဝယ်ပေးချင်ရင် သူများကိုတစ်ဆင့်ထပ်မှာရတယ် “ဟု ပြောသည်။
ဒေသခံများ သွားလာရေးအတွက် အရေးပါသည့်မှတ်ပုံတင်ကို PNOပြည်သူ့စစ်ထံ ပေးခဲ့ရသည့်အတွက်ကြောင့် မှတ်ပုံတင်ပြန်လာယူသည့်အချိန်တွင် ၎င်းတို့ကိုမှတ်ပုံတင်တောင်းသည့် တာဝန်ခံမဟုတ်မှာကိုစိုးရိမ်နေကြကြောင်း ဒါ့အပြင်မှတ်ပုံတင်ပျောက်သွားမည်ကိုလည်း စိုးရိမ်နေကြကြောင်း သိရသည်။
ဆီဆိုင်-နောင်ထော်သွားလမ်းသည် (၂၀၂၅)ခုနှစ်အစောပိုင်းကတည်းက ပိတ်ထားခဲ့သော်လည်း ဒေသခံများသွားလာလိုပါက PNOပြည်သူ့စစ်ဖွင့်ထားသည့် စစ်ဆေးရေးဂိတ် (၄)ခုကို ဖြတ်ပြီးမှသာ သွားလာလို့ရကြောင်း သိရသည်။
PPV10
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဆီဆိုင်-နောင်ထော်သွားလမ်း
#ဖြတ်သန်းသွားလာသည်ဟုဆိုကာ
#ဒေသခံမှတ်ပုံတင်များကိုသိမ်းယူထား
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်