ခမ်းသားငေါဝ်း
သြဂုတ် ၇၊ ၂၀၂၅
https://www.facebook.com/share/p/1GQAYDNjgw/
ဖယ်ခုံအရှေ့ဖက်ကမ်းမှ ထပ်မံရောက်ရှိလာသော စစ်ဘေးရှောင်များအတွက် အမိုးအကာနှင့် စားနပ်ရိက္ခာ များလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။
ရှမ်း- ကရင်နီနယ်စပ် ဖယ်ခုံအရှေ့ဖက်ကမ်းမှ ထွက်ပြေးတိမ်းရှောင်လာသော ဒေသခံ ၂၀၀ ကျော်ကို သြဂုတ်လ ၆ ရက်နေတွင် ကယ်ဆယ်ရေးအဖွဲ့များက ထပ်မံကယ်ထုတ်လာနိုင်ခဲ့သည်။
” သူတို့က လမ်းလျောက်လာရတာ၊ ဒီဖက် ကယ်ဆယ်ရေးတွေရှိတဲ့နေရာအထိ ခရီးအဝေးကြီးလျောက်လာရတာ ၊ ဘာမှ သယ်မလာနိုင်ဘူးလေ ၊ အခုလက်ရှိတော့ နေထိုင်ရေးအတွက် အမိုးအကာ နဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေပါတယ်” ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ဖယ်ခုံအရှေ့ဖက်ကမ်းကို စစ်ကောင်စီက လမ်းပိတ်ဆို့ထားဆဲဖြစ်ပြီး ဒေသခံအချို့ ပိတ်မိနေသေးကြောင်း ၎င်း ကဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့တွင်လည်း ဖယ်ခုံအရှေ့ဖက်ကမ်းမှ စစ်ရှောင်ဦးရေ ၃၀၀ ထွက်ပြေးတိမ်းရှောင်လာကြပြီး ၎င်း တို့သည် ကယ်ဆယ်ရေးအဖွဲ့များထံရောက်ရန် ၁၁ ရက်ကြာ လမ်းလျောက်ခဲ့ကြရကြောင်းသိရသည်။
PPV 003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဖယ်ခုံအရှေ့ဖက်ကမ်း
#စစ်ဘေးရှောင်များ
#အမိုးအကာနှင့်စားနပ်ရိက္ခာများလိုအပ်နေ
#စစ်ဘေးရှောင်ကူညီနေသူ
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်