ခမ်းသားငေါဝ်း

သြဂုတ် ၅၊ ၂၀၂၅

https://www.facebook.com/share/p/1B2wEpPj2u/

စစ်ကောင်စီ၏ စစ်မှုထမ်း တပ်သားတစ်ဦးသည် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့တွင် လက်နက်နှင့်တကွ အလင်းဝင်ရောက်လာခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF /B 34 ကထုတ်ပြန်ထားသည်။

အဆိုပါတပ်သားသည် စစ်ကောင်စီ၏စစ်မှုမထမ်းမနေရ အဓ္ဓမအတင်း စုဆောင်းခံရခြင်းဖြစ်ပြီး စစ်ကောင်စီ၏ လက်အောက်တွင် စစ်မှုမထမ်းလိုသဖြင့် ဘက်ပြောင်းခိုလှုံခြင်း ဖြစ်ကြောင်းဆိုသည်။

အဆိုပါတပ်သားမှ MA1-၁လက်၊ကျည်ဘောက်-၃ဘောက်၊ ကျည်ဆံ-၂၀၀ နှင့်အတူ ဘက်ပြောင်းခိုလှုံခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်သားများအနေဖြင့် အာဏာရှင် လူတစ်စု၏လက်အောက်မှ ရုန်းထွက်ကြဖို့နှင့် မိမိတို့တော်လှန်ရေး အင်အားစုထံသို့ အမြန်ဆုံး ဘက်ပြောင်းခိုလှုံလာကြဖို့ KNDF / B 34 ကတိုက်တွန်းထားသည်။

ယခုနှစ် ဇန်နဝါရီလ မှ ဇူလိုင်လ အထိ စစ်ကောင်စီဖက်မှ အလင်းဝင် လာသူ နှင့် လက်နက်ချ၊ စစ်သုံ့ပန်းအဖြစ်ဖမ်း ဆီးခံရသူ စုစုပေါင်း ၁၇၃၅ ဦးရှိကြောင်း ပြည်သူ့ပန်းတိုင် က ထုတ်ပြန်ထားသည်။

PPV 003
ပုံ”KNDF
#စစ်ရေး
#စစ်မှုထမ်းတပ်သား
#လက်နက်နှင့်တကွအလင်းဝင်
#ကရင်နီအမျိုးသားများကာကွယ်ရေးတပ်
#KNDF

https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home