ခမ်းသားငေါဝ်း
သြဂုတ် ၃၊ ၂၀၂၅
https://www.facebook.com/share/p/164YYYaSHD/
ကားလမ်းရေကျော်နေသဖြင့် ပင်လောင်းမြို့နယ် မင်းဘူးနှင့် ကျောင်ယရွာကြားတွင် ကျောင်းသူကျောင်းသားများ ကြိုးဖြင့် ခက်ခက်ခဲခဲကျောင်းတက်နေရ ကြောင်းဒေသခံများထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ မင်းဘူးရွာနှင့် ကျောင်းယရွာကြားတွင် သြဂုတ်လ ၁ ရက်နေ့ကစပြီး ကားလမ်းပေါ်ရေကြီးနေသဖြင့် ကျောင်းသွားနေသည့် ကျောင်းသားကျောင်းသူများ ကြိုးဖြင့် ခက်ခက်ခဲခဲသွားနေရသည်။
“ခုချိန်အအရမ်းအန္တရာယ်များတယ်။ မိုးကလည်း မတိတ်သေးဘူး။ ကျောင်းသွားနေတဲ့ကလေးတွေကိုတော့ ရွာကလူတွေသေချာစီစဉ်ပြီးပို့ကြတယ်။သေချာစောင့်ကြည့်ရတယ်”ဟုဒေသခံရွာသားတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ယခုလိုရေကြီးခြင်းကြောင့် ကျောင်းယ ၊မင်းဘူးရွာမှ စိုက်ပျိုးရေခြံ လယ်ယာများစွာလည်း ရေမြုပ်သွားကြောင်းသိရသည်။
ပင်လောင်းမြို့နယ် လွယ်မောင်းရွာနှင့်ထီဝါးလီးရွာဩဂုတ်လ (၂)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်အပြင် စာသင်ကျောင်းပြိုကျပျက်စီးပြီး ဒေသခံ ၁၅၀ ထက်မနည်း နီးစပ်ရာ ဘုန်းကြီး ကျောင်းသို့ ရွေ့ပြောင်းထားရပြီး စားနပ်ရိက္ခာ လိုအပ်လျက်ရှိကြောင်းသိရသည်။
#PPV005
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ပင်လောင်းမြို့နယ်
#မင်းဘူးရွာ
#ကျောင်းယရွာ
#ကားလမ်းပေါ်ရေကြီးနေ
#ကျောင်းသားကျောင်းသူများ
#ကြိုးဖြင့်ခက်ခက်ခဲခဲသွားနေရ
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်