ခမ်းသားငေါဝ်း
သြဂုတ် ၃ ၊ ၂၀၂၅

https://www.facebook.com/share/p/16sXy1wh2Q/

စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ကြဲချပစ်ခတ်တိုက်ခိုက်မှုကြောင့် တအာင်းဒေသတွင် ဇူလိုင်လတစ်လအတွင်းကလေးငယ်အပါအဝင် ပြည်သူ (၂၇)ဦးသေဆုံးခဲ့ ကြောင်း TNLA မှ ဩဂုတ် (၂)နေ့တွင်ထုတ်ပြန်ထားသည်။

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်နယ်မြေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ မိုင်းငေါ့၊ သီပေါ၊ မိုင်းလုံမြို့နှင့် ကွတ်ခိုင်မြို့တို့တွင် ဇူလိုင်လ တစ်လအတွင်းစစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ကြဲချပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ(၂၇)ဦးသေဆုံးပြီး (၈၄)ဦးထိခိုက်ဒဏ်ရာရရှိသည်။

ထိုပြင် ၎င်းတိုက်ခိုက်မှုကြောင့် နေအိမ် (၁၁၆)လုံး၊ စာသင်ကျောင်း (၂)ကျောင်းနှင့် ဘုန်းကြီးကျောင်း (၂)ကျောင်းလည်း ထိမှန်ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်သည် ကျောက်မဲမြို့နယ်ရှိ ပြည်သူလူထုများကို ဦးတည်၍ ဂျက်ဖိုက်တာဖြင့် ကြဲချတိုက်ခိုက်ခဲ့သောကြောင့် သံဃာတော် (၁)ပါး ပျံလွန်တော်မူသွားခဲ့ပြီး အမျိုးသား(၃)ဦးသေဆုံးခဲ့ကာ အမျိုးသား (၁၈)ဦးနှင့် အမျိုးသမီး (၄)ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့သည်။

အလားတူ နောင်ချို၊ မိုးကုတ်၊ သီပေါ၊ မိုင်းလုံနှင့် ကွတ်ခိုင်မြို့တွင် လည်း စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ ဒရုန်းနှင့် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား(၁၇)ဦး ၊အမျိုးသမီး(၃)နှင့် ကလေးငယ်(၃)ဦးလည်း သေဆုံးခဲ့ရပြီး ထိခိုက် ဒဏ်ရာရသူ (၆၂)ဦးအထိရှိခဲ့သည်။

ယခုလ ဩဂုတ် (၂)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ TNLAထိန်းချုပ်ထားသည့် မိုးကုတ်မြို့ အနောက်ပိုင်း ဂေါင်းဦးဘာထိပ် ရွှေမောင်းအရက်ဆိုင်ရှေ့ ကိုစစ်ကောင်စီမှ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာပြည်သူ(၁၂)ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

PPV0013
#လူ့အခွင့်အရေ
#တအာင်းတပ်မတော်
#PSLF/TNLA
#ကျောက်မဲ
#မိုးကုတ်
#နောင်ချို
#မိုင်းငေါ့
#သီပေါ
#မိုင်းလုံမြို့
#ကွတ်ခိုင်မြို့
#လေကြောင်း
#လက်နက်ကြီး
#ဒရုန်းတို့ဖြင့်ကြဲချပစ်ခတ်တိုက်ခိုက်

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home