ခမ်းသားငေါဝ်း
သြဂုတ် ၂၊ ၂၀၂၅
https://www.facebook.com/share/v/1CA4uESEnv/
ကရင်နီပြည်နယ် ၊ ဖရူဆိုမြို့တွင်းရှိ စစ်ကောင်စီ၏ အခြေစိုက်တပ်များနှင့် အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းထဲသို့ လေကြောင်းဖြင့် ရိက္ခာ ၊ခဲယမ်းများအားထပ်မံ ပို့ဆောင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ထားသည်။
ဖရူဆိုမြို့တွင်းရှိ တပ်စခန်းများနှင့် လောဂျာကျေးရွာအနီး အခြေစိုက်ထားသော အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်း ထဲသို့ ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်မှ ညနေ ၃ နာရီအချိန်ထိ သယ်ယူပို့ဆောင်ရေး လေယာဉ်ဖြင့် လက်နက်ခဲယမ်းများ ၊ ရိက္ခာ ပစ္စည်းများအား လေထီးဖြင့် ပစ်ချပေးခဲ့ကြောင်း KNDF ကဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ နှင့် ၁၉ ရက်နေ့တို့တွင်လည်း စစ်ကောင်စီက ဖရူဆိုမြို့နယ်အတွင်းရှိ စစ်တပ်များသို့ လေကြောင်းဖြင့် လက်နက်ခဲယမ်း ၊ ရိက္ခာပစ္စည်းများအားလေထီးဖြင့်ပစ်ချ၍ ပေးပို့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီသည် ဖရူဆိုမြို့နယ်အတွင်းရှိ အခြေစိုက် တပ်များသို့ ရိက္ခာနှင့်အတူ ခဲယမ်းများလည်း ပို့ဆောင်ပေးနေသည့် အခြေအနေများကြောင့် အနီးဝန်ကျင်ရှိကျေးရွာများတွင် နေထိုင်သည့် အရပ်သားပြည်သူများအနေဖြင့် လက်နက်ကြီးပစ်ခက်လာနိုင်သည့် အန္တရာယ်များအား အထူးသတိပြုစေလိုပြီး စစ်ရေး ၊ လုံခြုံရေးသတိရှိစွာ နေထိုင်သွားလာကြပါရန် KNDF က တိုက်တွန်းထားသည်။
#PPV 003
#KNDF
#ဖရူဆို
#ရိက္ခာ
#karenni
#reject military
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်