ခမ်းသားငေါဝ်း
သြဂုတ် ၁၊၂၀၂၅
https://www.facebook.com/share/p/1EcPRgGKih/
စစ်ကောင်စီသည် နိုင်ငံတစ်ဝှမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် မြို့နယ်ပေါင်း ၆၃ ခုကို ဇူလိုင်လ ၃၁ရက်နေ့တွင် အရေးပေါ်အခြေအနေသို့ ကြေညာလိုက်ခြင်းဖြစ်သည်။
ထိုကြေညာထားသည့်မြို့သည် စစ်တပ်လုံးဝလက်လွတ်လိုက်ရသည့်မြို့ကို လက်ခံခြင်းဖြစ်ကြောင်း PNFC တွဲဖက်အတွင်းရေးမှူးကဆိုသည်။
” အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာခံရတဲ့မြို့နယ်တွေမှာ စစ်ကောင်စီက သူတို့ရဲ့ စစ်ရေး၊ အုပ်ချုပ်ရေး၊ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ လုံးဝဆုံးရှုံးသွားပြီလို့ လက်ခံလိုက်တာပဲ ၊ သူရဲ့ရွေးကောက်ပွဲလုပ်ငန်းစဥ်မှာ ဒေသအားလုံးမပါဝင်နိုင်ဘူးဆိုတာကိုချပြလိုက်တာဘဲ ဖြစ်တယ်၊တော်လှန်ရေးတပ်ဖွဲ့တွေအတွက်တော့ ဒါက အောင်စရင်းထွက်တာပဲ” ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC တွဲဖက်အတွင်းရေးမှူး ခွန်ဝေထူးက ခမ်းသားငေါဝ်းကိုပြောသည်။
စစ်ကောင်စီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၂ (က)အရ ကချင်ပြည်နယ်မှ မြို့နယ် ၅ခု၊ ကယားပြည်နယ် မှ မြို့နယ် ၃ ခု၊ ကရင်ပြည်နယ်မှ မြို့နယ် ၂ ခု၊ ချင်းပြည်နယ်မှ မြို့နယ် ၇ ခု ၊ စစ်ကိုင်းတိုင်းမှ မြို့နယ် ၉ ခု၊ မကွေးတိုင်းမှ မြို့နယ် ၅ ခု၊ မန္တလေးတိုင်းမှ မြို့နယ် ၃ ခု၊ ရခိုင်ပြည်နယ်မှ မြို့နယ် ၁၄ ခု၊ ရှမ်းပြည်နယ် မှ မြို့နယ် ၁၅ ခုတို့ကို အရေးပေါ်အခြေအနေကြေညာလိုက်သည်။
ယခုလိုစစ်ကောင်စီက ရွေးကောက်ပွဲဆိုင်ရာ အလုပ်ရှုပ်နေတဲ့ချိန်တွင် တော်လှန်ရေးဖက်မှလည်း ရှေ့ဆက်သင့်တာ၊ လုပ်သင့်တာတွေ လုပ်ဖို့လိုအပ်ကြောင်း ခွန်ဝေထူးကဆိုသည်။
“တော်လှန်ရေးဖက်ကလည်း သိမ်းပိုက်ထားတဲ့ မြို့နယ် ၆၀ ကျော်ကိုအခြေခံပြီးတော့ ဒေသန္တရ အုပ်ချုပ်ရေးစနစ်တစ်ခုကိုစတင်ပြီး စနစ်ပြောင်း ၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားဖို့လိုအပ်တယ်၊ လွတ်မြောက်နယ်မြေတွေမှာ ဦးဆောင်နေတဲ့လူတွေ ကြားကာလ အုပ်ချုပ်ရေးနဲ့အညီ စတင်အကောင်ထည်ဖော်ဖို့လိုအပ်နေပါပြီ” ဟု ၎င်းဆက်ပြောသည်။
စစ်ကောင်စီကထိုသို့ အရေးပေါ်အခြေအနေကြေညာလိုက်ခြင်းကြောင့် အပြောင်းအလဲ တစ်စုံတစ်ရာမရှိကြောင်း၊ စစ်ကောင်စီ၏ လုပ်ရိုးစဥ်အတိုင်း စစ်ကြောင်းထိုး၊ လေကြောင်းဗုံးကြဲခြင်းများသာဆက်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ဒီထက်ပို ထူးခြားဖြစ်နိုင်ခြင်းမရှိကြောင်း ခွန်ဝေထူးက ဆက်ပြောသည်။
အရေးပေါ်အခြေအနေ ကြေညာထားသောမြို့များထဲတွင် စစ်ကောင်စီနှင့်အပစ်ရပ်ထားသည့် ကိုးကန့်တပ် NDAA ထိန်းချုပ်ထားသည့် မိုင်းလားမြို့နယ် နှင့် ”ဝ” တပ်ဖွဲ့ထိန်းချုပ်ထားသည့် ဟိုပန်မြို့များလည်းပါဝင်သည်ကို တွေ့ရသည်။
#PPV 003
#အရေးပေါ်အခြေအနေ
#shanstate
#political
#PNFC
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်