ခမ်းသားငေါဝ်း
သြဂုတ် ၁၊ ၂၀၂၅

https://www.facebook.com/share/p/19TrsQvfvw/

နိုင်ငံ့အကျိုးလက်တွဲဖော်ဆောင်ရန် PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအား နိုင်ငံတော်အစိုးရ နှင့်တပ်မတော် မှဖိတ်ခေါ် သည်ဟုဆိုကာ ဖုန်းမက်ဆေ့များမှ တစ်ဆင့်စာတိုများ ဝင်လာနေကြောင်း သိရသည်။

အဆိုပါ စာတိုထဲတွင်ဝက်ဘ်ဆိုက် လင့်တစ်ခုပါဝင်ပြီး လင့်ထဲတွင် စစ်ကောင်စီက ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန်ဦးတည်ပြီး ဝါဒါဖြန့်မှုများကို အချက် ၆ ချက်ဖြင့်ရေးသားဖော်ပြထားသည်။

” အဲ့စာတို က ဝင်လာတယ်၊ MPT ၊ Ooredoo၊ Mytel၊ Atom အဲ့ဖုန်းကဒ်တွေထဲက အကုန်ဝင်လာပါတယ်၊ စစ်ကောင်စီက ဝါဒဖြန်စာတွေမှန်းသိလို့ link ထဲထိဝင်မကြည့်ဖြစ်ဘူး” ဟု ဖုန်းစာတိုလက်ခံရရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲမတိုင်ခင်အထိ တော် နိုင်ငံတစ်ဝှမ်း တော်လှန်ရေးထိန်းချုပ်ထားသည့် မြို့ ၆၃ မြို့ကို ရက် ၉၀ ကြာ အရေးပေါ်အခြေ အနေကြေညာကြောင်း သိရသည်။

#PPV 003
#shanstate
#PDF
#militry
#phone #massage
#စာတို

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home