ခမ်းသားငေါဝ်း
သြဂုတ် ၁၊ ၂၀၂၅

https://www.facebook.com/share/p/1HjhMvWLax/

လေပြင်းတိုက်ခတ်မှုကြောင့် ပင်လုံမြို့တွင် ညောင်ပင်ကြီး လူနေအိမ်ပေါ်လဲကျပြီး (၁)နှစ်ကျော်အရွယ် ကလေးငယ်(၁)ဦးသေဆုံးမှုဖြစ်ပွားခဲ့ရ ကြောင်း ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အနောက်ဘက်ဝါးတောလမ်းရှိလုံးပတ်(၁၀)ပေခန့်ရှိ နတ်စင်ညောင်ပင်ကြီးသည် ဇူလိုင်လ(၃၁)ရက် ညနေ(၄)နာရီအချိန်ခန့်က လေပြင်းတိုက်ခိုက်မှုကြောင့်နေအိမ်အပေါ် လဲကျခဲ့သည်။

“အဲ့နားက လေကြီးမိုးကြီးရင် လူတွေအရင်ရှောင်သင့်တယ်။ နှစ်ရှည်သစ်ပင်ကြီးတွေများတယ်။ မနေ့ကဆို အိမ်တည့်တည့်ကိုလဲကျတာ စိတ်မကောင်းဘူး”ဟု ဒေသခံက ပြောသည်။

ထိုညောင်ပင်ကြီးနေအိမ်ပေါ်လဲကျခဲ့မှုကြောင့်ကလေးတစ်ဦးသေဆုံးပြီး ကလေးအဖေဖြစ်သူ လက်ကျိုးဒဏ်ရာနှင့် မိခင်ဖြစ်သူဦးခေါင်း ဒဏ်ရာရကြောင်း သိရသည်။

ညောင်ပင်ကြီးလဲကျရာတွင် လွိုင်လင်ခရိုင် မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ပင်လုံနယ်မြေ မီးသတ်စခန်းမှ မီးငြိမ်းသတ် ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ လာရောက် ကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

#PPV0011
#shanstate
#pinlong
#သဘာဝဘေး
#ညောက်ပင်လဲကျ
#ကလေးသေဆုံး

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home