ခမ်းသားငေါဝ်း
သြဂုတ် ၁၊ ၂၀၂၅
https://www.facebook.com/share/p/17AVoq1xXm/
စစ်တပ်အာဏာသိမ်းမှု ၄ နှစ်ကျော်ကာလအတွင်း ကရင်နီပြည်နယ်နှင့်ကယန်းဒေသ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖက်မှ ၃၈၉၁ ဦးသေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ကထုတ်ပြန်ထားသည်။
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ စစ်တပ်အာဏာသိမ်းသည့်အတော အတွင်း ကရင်နီပြည်နယ်နှင့် ကယန်းဒေသ တို့တွင် တိုက်ပွဲပေါင်း ၁၇၃၉ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထား သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂၀၁၀ ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ၏ တိုက်လေယာဥ်၊ ရဟတ်ယာဥ် ၄ စင်းကို တော်လှန်ရေးဖက်မှ ပစ်ချနိုင်ခဲ့ကာ စစ်ကောင်စီ ယာဥ်တန်း ၆၈ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အရပ်သားပြည်သူ ၇၇၈ ဦးသေဆုံးသွားခဲ့ပြီး၊ စစ်ကောင်စီထံ မတရားဖမ်းဆီးခံရသူ ၁၆၀ ဦးရှိကြောင်းဖော်ပြထားသည်။
ထို့အပြင်တိုက်ပွဲများကြောင့် အရပ်သားနေအိမ် ၃၁၇၉ လုံး၊ ဘာသာရေးအဆောက်အအုံ ၅၈ လုံး၊ စာသင်ကျောင်း ၂၉ ကျောင်း၊ ဆေးရုံ၊ဆေးခန်း ၁၈ လုံးပျက်စီးသွားကြောင်း PKPF ၏ အချက်အလက် တွင်ဖော်ပြထားသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့တွင် ကာလုံအစည်းအဝေးခေါ်ယူပြီး စစ်ကောင်စီကိုဖျက်သိမ်းကာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ကိုပြောင်းလဲဖွဲ့စည်းခဲ့သည်။
ပုံဟောင်း
#PPV 003
#shanstate
#pkpf
#militry
#karenni
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်