ခမ်းသားငေါဝ်း
ဇူလိုင် ၃၁၊ ၂၀၂၅
https://www.facebook.com/share/p/1Dv9RDqcAk/
စစ်ကောင်စီသည် ဇူလိုင်လ ၃၀ ရက်နေ့ညသန်းခေါင်အချိန်တွင် ကွတ်ခိုင်မြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သော လူနေရပ်ကွက်တစ်ခုကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သား ၇ ဦးသေဆုံးပြီး၊ ၁၃ ဦးဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရသူများထဲတွင် အသက် ၂၀ အရွယ်တရုတ်နိုင်ငံးတစ်ဦးပါဝင်ကြောင်းဖော်ပြထားသည်။
တရုတ်အစိုးရ၏ စေ့စပ်ညှိနှိုင်းမှုဖြင့် မြန်မာ့အမျိုးသားဒီမိုကရက်တစ်တပ်တော် ( MNDAA) နှင့် စစ်ကောင်စီတို့သည် စစ်ပြေငြိမ်းရေး သဘောတူညီချက်( ဟိုင်ဂင်းသဘောတူစာချုပ်) ရရှိခဲ့ခြင်းဖြစ်သည်။
စစ်ပြီးကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ နှင့် ပြည်သူ့အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ စီမံကိန်းများကို တက်ကြွစွာဆောင်ရွက်နေသည့် ကွတ်ခိုင်မြို့ပြကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းသည် ပင်ကိုယ်အရ ခက်ခဲစွာရရှိထားသော ” စစ်ပြေငြိမ်းရေး” သည် စစ်မက်၏အရိပ်အာဝါသဖုံးလွမ်းသွားခဲ့ပြီဖြစ်ကြောင်း MNDAA ကဆိုသည်။
စစ်ကောင်စီသည် ကွတ်ခိုင်မြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သည့် လူနေရပ်ကွက်အပေါ် လေကြောင်းမှတိုက်ခိုက်ခြင်းသည် ရှမ်းပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးအတွက် တက်ကြွစွာ ဆောင်ရွက်နေကြသည့် နိုင်ငံတကာ နှင့် ဒေသဆိုင်ရာပါဝင်ပါတ်သက်သူများကို လျစ်လျူရှု ရှုံ့ချခြင်းဖြစ်သည့်အပြင် ရှမ်းပြည်မြောက်ပိုင်း စစ်မီးပြန်လည်လောင်ကျွမ်းမှုအန္တရာယ်ကို တိုက်ရိုက်မြှင့်တင်လိုက်ခြင်းပင်ဖြစ်ကြောင်း MNDAA ကထုတ်ပြန်ထားသည်။
PPV 003
ပုံ-The Kokang
#လူ့အခွင့်အရေး
#စစ်ကောင်စီ
#ကွတ်ခိုင်မြို့
#စစ်ရေးပစ်မှတ်မဟုတ်သောလူနေရပ်ကွက်
#လေကြောင်းမှတိုက်ခိုက်
#တရုတ်အစိုးရ
#စေ့စပ်ညှိနှိုင်းမှု
#မြန်မာ့အမျိုးသားဒီမိုကရက်တစ်တပ်တော်
#MNDAA
#စစ်ပြေငြိမ်းရေးသဘောတူညီချက်
#ဟိုင်ဂင်းသဘောတူစာချုပ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7