ခမ်းသားငေါဝ်း
ဇူလိူင် ၃၀၊ ၂၀၂၅
https://www.facebook.com/share/p/16xbFNYrP8/
မိုးဆက်တိုက်ရွာပြီး ပင်းတယမြို့၏အနောက်ဘက် (ဒေသအခေါ်~နဂါးပတ်)တောင်တန်းအလယ်တွင် ထွက်လာသည့်သဘာဝရေကြောင့် ပင်းတယမြို့ရပ်ကွက်အချို့ ရေမြှုပ်ကုန်ကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသပင်းတယမြို့ရှေးဟောင်းသမိုင်းဝင်ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရားနှင့်အလယ်ဂူနေလကျောင်းတိုက်တောင်ခြေတွင် နှစ်ပေါင်း၃၀ကျော်ရှိကံ့ကော်တောအောက်ကံ့ကော်ဘုန်းတော်ကြီးကျောင်းဝန်းမြေပြင် ရေထွက်လာခြင်းကြောင့်မြို့ပေါ်ပြည်တော်သာရပ်ကွက်နေအိမ်တစ်ချို့ရေ နစ်မြုပ်ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ကြောင်းဒေသခံထံသိရသည်။
“ဒီရေထွက်က ဟိုးအရင်တုန်း ကနှစ်ကြိမ်ထွက်ဖူးတယ်၊ အဲတုန်းကပြည်တော်သာရပ်ကွက်ကလူတွေဖောင်စီးလှေလှော်ခဲ့ဖူးတယ် အခုအခါ ပြန်ထွက်တာ နှစ်ကြိမ် ရှိပြီ” ဟု အသက် ၈၈ အရွယ်အဖွားကပြောသည်။
မြေအောက်မှထွက်လာသည့် သဘာဝရေသည် ဇူလိူင် ၂၉ ရက်ညနေတွင် ပြည်တော်သာရပ်ကွက်မှဒေသခံ နေအိမ် ၁၀ အိမ်ကျော် ရေနစ်မြှုပ်ကုန် ကြောင်းသိရသည်။
အဆိုပါသဘာဝရေထွက်၂၀၂၄ ခုနှစ်တွင်တစ်ကြိမ်ယခု ၂၀၂၅ ခုနှစ် ဇူလိုင် ၂၈ ရက်ကတစ်ကြိမ်ထွက် ပေါ်လာပြီဖြစ် ကြောင်းသိရသည်။
ထို ကံ့ကော်တောသဘာဝရေထွက်ဖြစ်ပေါ်မှုအခြေ အနေအရရေထွက်အားသန်လာပြီဖြစ်ပြီး အဆိုပါရေစီးကြောင်းသည်ပြည်တော်သာရပ်ကွက်လယ်ယာခြံနှင့် လူနေအိမ်ဝင်းအတွင်းပြည့်လျှံဖြတ်သန်းစီးဆင်း၍ပင်းတယမြို့လယ်ရှိပုန်းတလုတ်ရေကန်အတွင်းသို့စီးဝင်သွားကြောင်းသိရသည်။
photo sayar Gyi
#ppv002
#naturalwater
#pintaya
#shanstate
#သဘာဝရေထွက်
#ပင်းတယ
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်