ခမ်းသားငေါဝ်း
ဇူလိူင် ၃၀၊၂၀၂၅

https://www.facebook.com/share/p/14Drdbn7es4/

TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ပေါ်ရှိ ရာစုသစ် ဟိုတယ်ကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်၍ ပြည်သူ(၅)ဦးသေဆုံးပြီး (၈)ဦးဒဏ်ရာရကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ရပ်ကွက် (၂) ရှိ ရာစုသစ် ဟိုတယ်တွင် ဇူလိုင်(၃၀)ရက် နံနက်(၁) နာရီထိုးခါနီးအချိန် စစ်ကောင်စီမှ ဂျက်‌ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးသည့်အပြင် ဟိုတယ်၊နေအိမ်များလည်း ထိခိုက်ပျက်စီးမှုများကြောင်း သိရသည်။

“လူအိပ်‌မောကျနေချိန် လာကြဲသွားတာ။ တမြို့လုံး တုန်ခါသွားတာပဲ။ ဟိုတယ်နဲ့ အဲ့ဘေးမှာ နေတဲ့ အိမ်ထိတာ၊အသက်(၁၀)နှစ်အရွယ် ကလေး(၁)ဦးအပါ (၅)ဦး သေဆုံးမှုရှိတယ်။ ထိခိုက်ဒဏ်ရာရသူ (၈)ဦးလောက်ရှိမယ်။ ထိခိုက်ထားသူမှာလည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့သူရှိတယ်”ဟု ဖြစ်စဉ် သိရှိသူက ခမ်းသားငေါဝ်းကို ပြောသည်။

ဒေသခံများသည် စိုးရိမ်ထိတ်လန့်မှုများစွာဖြင့် ကွတ်ခိုင်မြို့ပေါ်မှာ တိုက်ပွဲ ထပ်ဖြစ်လာမည်ကို စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

ကွတ်ခိုင်မြို့သည် TNLAထိန်းချုပ်ထားသည့်မြို့ဖြစ်ပြီး စစ်ကောင်စီသည် TNLAထိန်းချုပ်ရာ ဒေသများသို့ မကြာခဏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေကြောင်း သိရသည်။

#PPV0011
#Humanright
#TNLA
#shanstate
#ကွတ်ခိုင်
#ဗုံးကြဲခံရ
#လူသေ
#ရာစုသစ်

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home