ခမ်းသားငေါဝ်း
ဇူလိုင်လ ၂၉ ၊ ၂၀၂၅
https://www.facebook.com/share/p/1AuJAXShQH/
ရှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် တောင်ကျရေ ကြောင့် ရွာငံ-အောင်ပန်းလမ်း၊ လမ်းဘေးဈေးဆိုင်ခန်းများနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်းသိရသည်။
ရက်ဆက်မိုးရွာသွန်းခြင်းကြောင့် ဇူလိုင်လ ၂၈ ရက်နေ့က တောင်ကျချောင်းရေများ စီးဆင်းပြီး လမ်း များ၊ ကျေးရွာများနှင့် စိုက်ခင်းများသို့ ရေနှင့် ကျောက်တုံးကျောက်ခဲများ ဝင်ရောက်လာပြီး ပျက်စီးမှုများရှိကြောင်း သိရသည်။
“ စပါးခင်းတို့ ခရမ်းချဉ်တို့ လိမ္မော်ခင်းတို့ဆို ပျက်သွားတာ အများကြီးပဲ။ လမ်းဘေးက အသီးအရွက်ရောင်းတဲ့ ဆိုင်ခန်းလည်း ရေထဲပါကုန်တာ။”ဟု ရွာငံ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့အပြင် ရွာငံ -ပင်းတယ ဖြတ်လမ်းဖြစ်သည့် တောင်ပေါ်ကြီး လမ်းတွင်လည်း ရေတိုက်စားမှုကြောင့် လမ်းများ ပျက်စီးသွားပြီး သွားလာ၍ မရတော့ကြောင်း သိရသည်။
ရွာငံ၏ အထင်ကရဖြစ်သည့် ရေပြာအိုင်နှင့် တောကျယ်ရေတံခွန်၊ ဂဏန်းကျရေတံခွန်များတွင်လည်း တောင်ကျရေကြောင့် ပျက်စီးမှုများ နေကြောင်း သိရှိရသည်။
အသက် ၂၀ ကျော်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက“ရေတံခွန်တို့ ရေပြာအိုင်တို့ဆို ရေကြီးလို့ မြင်တောင် မမြင်ရတော့ဘူး။ ဒီနှစ်ပိုဆိုးတယ်။ မနှစ်က ဒီလောက်မဆိုးဘူးရွာငံက။ ဘာတွေလုပ်စားရအုံးမလဲ တောင်မသိတော့ဘူး။” ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေများဆင်းကာ ပင်းတယမြို့နယ်တွင် လူ(၈)ဦးသေဆုံးခဲ့ရပြီး ညောင်ရွှေ၊ကလော ၊အင်းလေး၊ တာချီလိတ်၊ပင်လောင်းတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင်လည်း ရှမ်းတောင်အပါဝင် မြန်မာတစ်နိုင်ငံလုံး ရေဘေးသင့်၍ လူထောင်ချီ ရှောင်တိမ်းခဲ့ရသည်။
#PPV-008
#Ywangan
#natural
#shanstate
#aungpun
#ရွာငံ
#သဘာဝဘေး
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်