ခမ်းသားငေါဝ်း
ဇူလိုင် ၂၉၊ ၂၀၂၅
https://www.facebook.com/share/p/1A7s2XxYfq/
TNLA ထိန်းချုပ်သည့် မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့်ထပ်မံလာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၄)ဦးသေဆုံးခဲ့ ကြောင့် TNLAထုတ်ပြန်ချက်အရ သိရသည်။
မန္တလေးတိုင်း မိုးကုတ်မြို့ မင်းတံတားရပ်ကွက်၊ ရွှေဘုန်သာရပ်ကွက်နှင့် BOC ကားကြီးကွင်းအနီးတို့တွင် ဇူလိုင် (၂၉)ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ကလေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး (၃)လုံးနှင့် ပေါင်(၂၅၀)ဗုံး (၂)လုံးအပါအဝင် စုစုပေါင်း ဗုံး (၅)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ ကြောင်းသိရသည်။
“မနက် ၁၀ နာရီခွဲပဲရှိ သေးတာ၊ ဈေးတွေလည်းပျက်ကုန်တယ်၊ အသံတော့ အကျယ်ကြီးပဲ မိုးလည်းရွာ လူလည်းအသည်းအသန် ပြေးကုန်ကြတာ၊ အခုလည်းလေယာဥ်ကတော့ဝဲနေတာပဲအခြေအနေကတော့ဆိုးဖို့ပဲရှိတယ်မကောင်းဘူး” ဟု ဒေသခံတစ်ဦးမှ ပြောသည်။
၎င်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ (၄)ဦးသေဆုံးခဲ့ပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၈)လုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့ ကြောင်း TNLA၏ ထုတ်ပြန်ချက်အရသိရသည်။
ပြီးခဲ့သည့် ဇူလိုင် (၂၆)ရက်နေ့တွင်လည်း မိုးကုတ်မြို့ အရှေ့ပိုင်း ရှိရွှေလိပ်ပြာ ဟိုတယ်ကို စစ်ကောင်စီမှ လေယာဥ်ဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံးကြဲချမှု ကြောင့်အမျိုးသား (၁)ဦး သေဆုံး ခဲ့ပြီး (၃)ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။
မိုးကုတ်မြို့ကို ဇူလိုင်လအတွင်း (၈)ရက်နေ့တွင် (၁)ကြိမ်၊ (၉)ရက်နေ့တွင် (၁)ကြိမ်၊ (၁၁)ရက်နေ့တွင် (၁)ကြိမ်၊ (၂၆)ရက်နေ့တွင် (၁)ကြိမ် ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုများတည်ရှိရာကို ဦးတည်ပြီးဗုံးလာရောက်ကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးနှင့် အမျိုးသား (၄)ဦး သေဆုံးသွားခဲ့ပြီး ပြည်သူ လူထု (၂၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
#PPV0013
#Humanright
#TNLA
#မိုးကုတ်
#လေကြောင်းတိုက်ခိုက်
#military
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်