ခမ်းသားငေါဝ်း
ဇူလိူင် ၂၇၊ ၂၀၂၅

https://www.facebook.com/share/p/1YR8fp2t4w/

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊နမ့်လန်မြို့တွင်း ဒေသခံပြည်သူများ ဝိုင်းဝန်းပြီး တစ်ရက်တည်းသူခိုး ၁၇ ဦး ဖမ်းမိခဲ့ ကြောင်းဒေသခံထံမှသိရပါသည်။

နမ့်လန်မြို့လယ်တွင် ပစ္စည်းလိုက်လံခိုးယူသူအမျိုးသား ၁၅ ဦးနှင့် ခိုးယူရရှိသည့် ပစ္စည်းကိုပြန်လည်ရောင်းချပေးသူအမျိုးသမီး ၂ ဦးကို ဇူလိုင် (၂၆) ရက် နေ့လည် ၃ နာရီအချိန်ခန့်က ဒေသခံများ စုပေါင်း၍ ဖမ်းဆီးရမိကြောင်းနမ့်လန် ဒေသခံတစ်ဦးက ပြောသည်။

“အဲ့တာတစ်ရက်ထဲပဲ ဒေသခံ တွေဖမ်းမိတာ၊ သူတို့ခိုးနေတဲ့အချိန်ဖမ်းမိတာ၊ နေအိမ်တွေလိုက်ခိုးတယ် ၊သူတို့ကပစ္စည်းအကြီးစားခိုးချိန်တော့မမိဘူးပေါ့၊ ပစ္စည်းအသေးစားခိုးတဲ့အချိန်မှာပဲ မိတယ်”ဟု နမ့်လန်ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ဖမ်းမိသည့် အမျိုးသမီးနှစ်ဦးသည် ၎င်းသူခိုးများက ခိုးယူရရှိသည့် ပစ္စည်းအားပြန်လည် ရောင်း ပေးသူဖြစ် ကြောင်းနှင့် ယင်းအမျိုးသမီးနှစ်ဦးသည် နောက်တစ်ကြိမ် ပြန်မလုပ်ရန် ပြောဆိုပြီး ပြန်လွှတ်ပေးလိုက်ကြောင်း ၎င်းကဆက်ပြောသည်။

ကျန်အမျိုးသားများကို တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ထံသို့ ပို့ဆောင်ခဲ့ ကြောင်းသိရပါသည်။

ဒေသခံများသည်ခိုးယူလုယက်မှုများနှင့် ဓားပြတိုက်မှုများပြားလာသည့်အတွက် လုံခြုံမှု မရှိ၍စိုးရိမ်ကြောက်လန့်နေကြောင်း သိရပါသည်။

အခြားဒေသခံတစ်ဦးကလည်း “သူခိုးများတာ မလုံခြုံတော့ဘူး တစ်အိမ်နဲ့တစ်အိမ်က ခပ်လန်းလန်းဆိုတစ်ယောက်ထဲမနေရဲတော့ဘူး၊ မြို့ထဲမှာတော့ဘာမှ မဖြစ်ဘူး မြို့ထဲကလူများတယ်၊ နည်းနည်းအိမ် ခြေကြဲတဲ့အိမ်ဆို ကြောက်ရတယ်၊ သူတို့က တုတ်တွေ ဓားတွေလည်းကိုင်ကြတာလေ” ဟု ပြောသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့တွင်လည်း ဒေသခံပြည်သူများအပြင် (SSPP/ SSA) တပ်သားများလည်းပူးပေါင်းပါဝင်ပြီး နမ့်လန်မြို့ရှိ သူခိုး ၃၄ ဦးကိုဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။

ထို့ပြင် စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် ဒေသများတွင်ခိုးဆိုးလုယက်မှုနှင့် ဓားပြတိုက်မှုများမကြာခဏဖြစ်နေလေ့ရှိသော်လည်း ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိ သေးကြောင်းသိရပါသည်။

#PPV0013
#နမ့်လန်
#သူခိုးဖမ်းမိ
#ဒေသခံပူးပေါင်း
#ရှမ်းမြောက်

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home